The sweet morning with him

34.4K 1.3K 89
                                    

#Zawgyi

သူဟာ တစ်စုံတစ်ရာကို မြတ်နိုးမိပြီဆိုလျင် ထိုအရာကိုသာ မျက်လုံးထဲမြင်တတ်သည့် လူသားတစ်ယောက်။
ဘေးနားက ဘယ်အရာကိုမှ မမြင်၊
မကြား ၊ တစ်ခုတည်းကိုပဲ ကြည့်ကာ
ဂရုစိုက်တတ်သည့် ခပ်လွယ်လွယ်
လူသားတစ်ယောက် ။
ချစ်မြတ်နိုးသော နှင်းဆီပွင့်နီနီလေးက
ဆူးတွေနဲ့ ပြည့်နေစမ်းပါစေ ၊
မတွန့်မဆုတ် ဖမ်းဆုပ် နမ်းရှိုက်မယ့်
ယောင်္ကျားတစ်ယောက်  ။

သူကံကောင်းခဲ့သည်မှာ ချစ်သူကောင်မလေးဟာ နှင်းဆီပန်းလေးမဟုတ် ။
သူ့ကို နေမင်းကြီးအမှတ်နဲ့ မျော်ငေးနေတတ်သည့် နေကြာပန်းပွင့်ငယ်လေး ။
ပန်းခင်းကြီး၌ ပန်းပွင့်လေးတွေများပါလျက်နှင့် ဒီနေကြာပန်းလေးကိုပဲ
ကွက်ပြီး ထွန်းလင်းပေးချင်နေတာက
သူဆိုတဲ့ အနက်ရောင်နေတစ်ဆင်းပင်။
Black Sun ကြီးဟာ နေကြာပန်းငယ်လေးကိုနည်းတူ ငေးကြည့်နေခဲ့တာကိုတော့ မည်သူမှမသိနိုင်ဘူးပေါ့ ။

Killian : " . . ဒီပုံရိပ်လေးကို
ကိုယ်စိတ်ကူးယဉ်ခဲ့ဖူးတယ် . . .
ရေးဆွဲခဲ့ဖူးတယ် . . .
ဒါပေမယ့် တကယ်လက်တွေ့ကို မြင်ရတော့ ကိုယ်သုံးခဲ့တဲ့ အရောင်တွေက မှားနေတာပဲ ဘေဘီ . . "

ခေါင်းအုံးဖြူလေးပေါ် ပါးအပ်ကာ
နှစ်ချိုက်စွာ အိပ်မောကျနေသော
‌မျက်နှာလေးကို ငေးရင်း တိုးညှင်းစွာ
ရေရွတ်မိသည်။ 
လက်တွေ့မှာအရောင်တွေသာ စိတ္တဇဆန်မှုနှင့် ဝေလာဝေးပါ ။

သူ၏ အိပ်ယာပေါ်၌ စောင်ဖြူတွေကြားထဲ ခေါင်းလေးသာပေါ်ပြီး
ကွေးအိပ်နေပုံလေးသည် ဆေးရေးမမှီနိုင်အောင် လှပ၏ ။
သူ့မှာကား ကြည့်မဝနိုင်အောင်ပင် ။

နေ့မွန်းတည့်နေပြီဖြစ်သော်လည်း
လွန်စွာ မောပန်းသွားခဲ့၍ သူမလေး
မထနိုင်တော့ခြင်းဖြစ်မည် ။
မနေ့ညက သူသိပ်လွန်သွားပြီလား ?
ဒါပေမယ့် ထိုပမာဏလောက်က
သူ့အတွက်တော့ သွေးပူစေရုံလောက်သာရှိသေး၏ ။
သူသည် ချစ်သူလေးကို သနားညှာတာမိ၍ လျော့ထားခဲ့တာ သေချာပါလျက် ။
ထိုနေရာ၌ အတွေ့အကြုံမရှိသော
ခန္ဓာကိုယ်နုနုလေးဖြစ်ကာ ဖြူစင်သူလေးမို့ စိတ်ရော ကိုယ်ပါ
မောသွားခဲ့သည်ထင့် ။

Tasting RED : Eros (Completed)Where stories live. Discover now