Know how to Love

19K 1.4K 44
                                    

Unicode is below ⬇️

#Zawgyi

မျက်ထောင့်နီရဲလေးတွေသည် သူမ မကြာခင်ကမှ ငိုကြွေးနေခဲ့ကြောင်းသက်သေဖြစ်သည် ။

သူ့ရဲ့ တည်ရှိမှုသည် မြတ်နိုးရသောသူမအတွက် မျက်ရည်တွေထပ် မပိုပါလား ?

မည်းညစ်မှောင်မိုက်သော သူ၏လောကကြီးသည် စုတ်ပြတ်သတ်နေသော်လည်း သူမကိုတော့ ဖိတ်ခေါ်ချင်သည် ။ဘယ်လောက်ပဲ ပျက်စီးနေပါစေ သူမတစ်ယောက်အတွက်တော့ ခိုနား‌ဖို့နေရာရှိပါသည် ။ သူ့မှာ ကျန်ရှိတဲ့ အကြင်နာတွေ
အကုန်လုံး သူမအတွက်ပေးနိုင်သည်။ သူမ လိုအပ်လျင် ကောင်းကင်က
ကြယ်တွေအပြင် အရာရာပါ ။

ကြမ်းတမ်းသော နှလုံးသားမဲ့သည့်
သူသည် သူမအား ချစ်မြတ်နိုးမိသည် ။လှောင်ပြောင်ကြပါ ။ ခွင့်ပြုပါတယ် ။ သူ့အတွက်က သူမ မလှောင်ဖို့သာအရေးကြီးတာမို့ . . . ။ 

သူ သူမအပေါ် တွယ်တာသည်။ သူ့ရဲ့ အရာရာက သူမမရှိလျင်ပျက်သုံးပြိုလဲ သွားတော့မလို . . . ရူးသွပ်သွားတော့မလို . . . ။ ထိုသေးငယ်သော ရင်ခွင်နွေးနွေးလေးကို သူအားကုန် ဖက်တွယ်နေမိပြီ ။

" အေးနေတယ် မဟုတ်လား အကျင့်မကောင်းတဲ့ကောင်ရဲ့ "

သူ့အား သူမလက်ချောင်းသွယ်သွယ်တွေဖြင့် လက်တုန့်ပြန်ပြီး သဘောတကျရယ်နေလေရဲ့။  ပြီးတော့ သူ့အား ရက်ရက်စက်စက်ခေါ်သည် ' အကျင့်မကောင်းတဲ့ကောင်' တဲ့လေ ။

ဟုတ်တာပေါ့ ... သူမအတွက် သူကအကျင့်မကောင်းတဲ့ကောင်ပဲ ။

သူလဲ လိုက်ပါရယ်မောရင်း နှလုံးသားတွေ စူးအောင့်လာ၏ ။ အချစ်က နာကျင်ရပါလား ။

Killian : " ကိုယ့် ကို မမုန်းပါနဲ့ Please Baby"

အချစ်ရဲ့ အစွန်းတစ်ဖက်ကအမုန်းမဟုတ်ပဲ ဝေးကွာခြင်းတွေသာဖြစ်ကြောင်း သူ သင်ယူ သိရှိပါပြီ  ။ ဒါပေမယ့်လဲ သူမရဲ့ အမုန်းတွေကို‌တော့ သူကြောက်ရွံနေစဲပါ ။

သူ့ တောင်းပန်မှုကို ကြားတော့ သူမ
အရယ်ရပ်သွားသည် ။ ထို့နောက် ဘာမှ မဆိုပဲ မျက်ဝန်းညိုကြီးတွေဖြင့် သူ့အားစူးစိုက်ကြည့်သည် ။ ဝိဉာဉ်ကိုပါ နှုတ်ယူသွားသော အကြည့်စူးစူးတို့တွင် ခက်ခဲသောဗဟေဠိတွေအပြည့် ။

Tasting RED : Eros (Completed)Where stories live. Discover now