' Kings Always Pay Back '

15.5K 1K 32
                                    

#Zawgyi

မိုးသောက်နဲ့ သန်းခေါင်းစပ်ကြား ကောင်းကင်ယံသည် မှုန်ပြာလဲ့လဲ့ . . . ။

အတွင်းဆောင်၏အထူးအခန်းပန်းရောင်လေးသည် ဝေဝါးသောအလင်းရောင်လေးတွေအောက်ငြိမ်သက်နေသလို ။
မျက်တောင်မခတ်သော ကြောင်စီစီမျက်ဝန်းနက်ပြာတွေသည် ပြတင်းမှန်မှ ကောင်းကင်ကြီးကို ငေးကြည့်လျက်။
ကျောပေးထားသော ကုတင်ပေါ်၌ အဖြူရောင်သဏ္ဌာန်လေးတစ်ခု အိပ်မောကျနေ၏ ။
ဤမြင်ကွင်းကို ကြည့်ပြီးလျင် အသက်‌ရှူသွင်းရှူထုတ်ပြုနေ
ရုံဖြင့် ရှင်သန်နေသည်ဟု
မည်သူမှဆိုနိုင်တော့မှာ မဟုတ်တာ‌‌ ‌သေချာပါသည် ။

စိတ်ယန္တယားတွေအလုပ်လုပ်ဖို့ သူ့မှာ
အမိန့်သံတစ်ခုလိုအပ်သည် ။
သူမရဲ့အသံတွေ . . .
ထိုအသံလေးကို သူစောင့်လာတာ
နာရီလေးဆယ်နီးပါးကြာခဲ့ပြီလေ ။

Lan : " King . . . ငါတို့ရောက်ပြီ "

Lan နှင့်အတူ Shen Shen နဲ့ Ci Ci တို့ပါ‌ရောက်လာကြကာ သူ့ကို ဘာစကားပြောရင်ကောင်းမလဲ စဉ်းစားနေကြပုံပင် ။
သူသည် ဤခံစားချက်ကို ကောင်းစွာရင်းနှီးသည် ။
သူ့ဘဝရဲ့ တန်ဖိုးအထားရဆုံးသော လူသားတစ်ယောက်သည်လဲ ဤနေရာသို့ရောက်ဖူးခဲ့သည်ပဲ ။
ထိုလူသားအား သူသည်မည်မျှမုန်းခဲ့ပါစေ ။
ထိုအမုန်းကလဲ အဖိုးတန်သည်မို့
သူနာကျင်ခဲ့ရဖူးသည် ။
အခုလဲ သူများတွေရဲ့ သူ့အပေါ်သနားတဲ့ မျက်လုံးတွေကိုခံယူရပြန်ပြီ ။

စို့နင့်နေသော ခံစားချက်တွေက
ပေါက်ထွက်မတတ် ခံရခက်လာ၏ ။
ထိုခံစားချက်တွေကြောင့် သူမလေးရဲ့အရေးပါသူတွေကိုပါ သူပတ်ရမ်းမိဦးမည် ။
သူအမြန် အခန်းထဲကထွက်ပေးရန်
ထရပ်လိုက်သည် ။

Ci Ci : " ငါ. . ငါတို့စောင့်ပေးနေမယ် "

Ci Ci က သူ စိတ်ချသွား‌‌စေရန်ပြောသည် ။

Lan : " ဟုတ်တယ် King က
အိမ်ပြန်ပြီး နောက်ရက်တွေအတွက်
အဝတ်အစားတွေဘာတွေ သွားယူထားသင့်တယ် . . . ပြီးတော့ နင်အိပ်ထားတဲ့ပုံလဲမပေါ်ဘူး ခဏပြန်အိပ်လိုက်ပါ "

Lan ၏ စကားကြောင့် သူဒေါသထွက်သွားသည် ။
သူမပြောနေတဲ့သဘောက သူမလေးသည် ရက်ရှည်ကြာအောင်မေ့မျောနေတော့မည့်ပုံ ။

Tasting RED : Eros (Completed)Where stories live. Discover now