' The Power of Love '

25.3K 1.6K 11
                                    

Check Unicode Below ⬇️

#Zawgyi

သူပြောတော့ခဏလေးပါတဲ့ အခုနာရီဝက်လောက်ရှိသွားပြီ သူမဆင်းလာသေးပေ ။ ကားထဲ ဝင်စောင့်လို့ရ၍ တော်သေးသည်။

တစ်ယောက်တည်းဖြစ်နေတော့ စိတ်ထဲထင့်နေခဲ့သော Lan.စကားတွေဆီ အတွေးရောက်၏ ။ သူ့အကြောင်းကို May မသိသေးပါဘူးတဲ့ ။ မှန်၏ ။ May သူ့အကြောင်းကို မသိပါ ။ May သိတာက သူ့ကိုချစ်တဲ့ မျက်ကန်းဆန်ဆန်အချစ်တစ်ခုတည်းသာ ။

May မှာ ကန်းလွန်းသည်က သူဘာကြီးပဲဖြစ်နေဖြစ်နေ ရပ်တန့်လို့မရတော့တဲ့အခြေအနေကိုရောက်နေပြီ ။ သိပ်ချစ်ရပါ‌တဲ့သူဟာ ကမ္ဘာကြီးကိုဖျက်စီး
မယ့် မကောင်းဆိုးဝါးဖြစ်စေ ၊ မျက်နှာနှစ်ခုနဲ့နတ်ဆိုးဖြစ်စေ May့အချစ်တွေဟာမပြောင်းလဲနိုင်တော့တာမို့ ။ ဒါဟာ အချစ်စစ်ဆိုတာ သေချာနေပြီပဲ ... May အရေးမစိုက်တော့ပါ ။

' သူ နင့်အသည်းကိုခွဲမှာ နင်သိပါတယ် ' မသိစိတ်၏အတွင်း တစ်နေရာက တီးတိုးသတိပေးလေ၏ ။

May ထိုအသံတွေကို လစ်လျှူရှုလိုက်သည် ။ သူပြောင်းလဲသွားမှာပါ ။ May သူ့ကို ယုံကြည့်ချင်သည် ။

May့ရဲ့ အကာအကွယ်မဲ့ နှလုံးသားလေးကို သူ့အား ထုတ်ပြခဲ့စဉ်က သူရဲ့စိတ်တွေ တမျိုးပြောင်းသွားခဲ့မှာ သေချာသည် ။အရင်က အေးစက်ခဲ့ပါသော မျက်ဝန်းနက်ပြာတွေဟာ အခုတော့ နွေးထွေးနေတယ်လို့ခံစားနေရတာ အမှန်တရားပါ ။

သူဟာ အများထင်သလို ရေခဲတိုင်းပြည်က မင်းသားလေးမဟုတ်ပါဘူး ။ May သိတယ် ... သူဟာကြင်နာတတ်သူပါ ။ May. ကို ကြင်နာသူပါ ။

ပထမဦးဆုံးအချစ်မို့ နာကျင်မှုတွေကို သေချာမကြုံရသေး ... ကောင်မလေးသည် မရင့်ကျက်စွာ စိတ်ကူးတွေယဉ်လေသည် ။ နတ်ဆိုးမျက်နှာအား မျက်မြင်တွေ့တာတောင် ကိုယ့်ကိုယ်ကို လှည့်စားသည် ။

တအောင့်ကြာသွားတော့ ကားပါကင်ထဲ ခပ်သွက်သွက်ဝင်လာသော ကောင်လေးကိုတွေ့ရပြီ ။ ကားဆီသို့ဦးတည်လျောက်လာတဲ့ သူ့ ခြေလှမ်းတွေဟာ ဟန်ပါပါ ။ အပြေးတပိုင်းလာတာမို့ ဆံနက်တွေက လေမှာ ဝေ့ဝဲလျက် ။ ခပ်ပြုံးပြုံးနှုတ်ခမ်းပါး ၊ ရယ်မြူးမြူးမျက်လုံးနက်ပြာတွေကြောင့် May နှလုံးသားသည် ဗြောင်းဆန်အောင်ခုန်ပေါက်လာလေပြီ ။

Tasting RED : Eros (Completed)Wo Geschichten leben. Entdecke jetzt