' Ice-cream-Kiss '

22.1K 1.4K 33
                                    

Unicode is Below ⬇️

#Zawgyi

ပြန်မဆုံချင်ခဲ့တာမို့ သူလိပ်ပြာသန့်သန့်
ပျော်ပါစေ . . . ။ May ရှိတဲ့အရပ်ကို သူရှောင်ပါ ၊ သူရှိတဲ့အရပ်ကိုလဲ Mayရှောင်ပါမည် ။ အချစ်နတ်ဘုရားရဲ့ရှေ့မှောက်
May လိပ်ပြာလုံချင်သည် ။

ဒီတစ်ခါကျောခိုင်းထွက်သွားသူက May
ဖြစ်ခဲ့ဖို့ ဆုတောင်းမိသည် ။

သူ့ကို မျက်နှာလွှဲ့ခဲ့ခြင်းမှာ ဘာအကြံအစည်မှမပါခဲ့ပါ ။ တစ်ခါကကြွေးကျော်ခဲ့သလို နာကျင်စေလို၍မဟုတ် ၊ ရိုးရှင်းသော လမ်းခွဲမှုလေးတစ်ခုကို လိုလား၍သာ . . . ။

သူ့အတွက် အချစ်တွေကို နောက်ထပ်ဘယ်တော့မှ တစ်ခမ်းတစ်နားဖွင့်ဆိုတော့မှာ မဟုတ်ပါ ။ May နှလုံးအိမ်လေးမှာ သူနေထိုင်သည် . . . ဒီလောက်ပါပဲ ။

ဝန်ထုတ်ဝန်ပိုးများ ပုခုံးထပ်ထမ်း
ထားရသလို May.ခြေလှမ်းများ ကတ္တယာလမ်းပေါ်  လေးဖင့်နင့်စွာ ရွေ့လျားလျက် . . . ။ အမှတ်မဲ့ မြင်တွေ့လိုက်ရသော သူ့ မျက်ဝန်းတစ်စုံမှ အရည်လဲ့လဲ့တွေကို ကောက်ရိုးတစ်မျှင်အလား တွယ်တာမိမည့်စဲစဲ ။ ထိုနာကျင်မှု‌တွေရဲ့တည်ရှိမှုကို အသိအမှတ်ပြုမိလျင် May ခွင့်လွှတ်ပေးမိဦးမယ် မဟုတ်လား ? 

သူ့ရဲ့သမုဒ္ဒရာကြီး မုန်တိုင်းထန်နေခဲ့တာကတော့ အမှန်ပါ … ။ သူနောင်တရနေတာလား ?

ဆက်ပြီးတွေးပါလျှင် ' အကယ်၍ '
ဆိုသည့် နိယာမတွေထွက်လာတော့မည် ။
သို့သော် ' အကယ်၍ ' ဆိုတာက မျော်လင့်ခွင့်ရှိသူတွေအတွက် သီးသန့်ဖြစ်၏ ။

May နဲ့သူ့ရဲ့ အနာဂတ်ကား  ပင်လယ်နဲ့
လှေငယ်လေးလိုပဲ အပ်စပ်မယ်ထင်ရပေမယ့် မကိုက်ညီတာမျိုးပါ ။ သူစေရာ လွင့်ရမည့် ဘဝ … ။

Shen : " May ! နင်ကြာနေတော့ ဘာဖြစ်လဲလို့ လိုက်လာတော့မလို  "

နောက်ဆုံးတော့ သူငယ်ချင်းမလေး
နှစ်ယောက်ရှိရာ ပြန်ရောက်ခဲ့၏ ။ သူမတို့ အအေးဆိုင်ထဲမှ ထွက်လာကြသည် ။

Tasting RED : Eros (Completed)Where stories live. Discover now