' Dark Side '

22.8K 1.4K 25
                                    

Unicode is below ⬇️

#Zawgyi

မှိုင်းညို့ညို့ ‌ဆောင်းဦး၏
မနက်ခင်းတစ်ခု ...လေရူးသုန်သုန် ၊ မြူနှင်းလဲမှုန်မှုန် ။အိပ်စက်နေသော လောကကြီးသည် အလှတရားတချို့ကို အမှုမဲ့အမှတ်မဲ့ ။

စောစီးစွာနိုးထနေသော May ကတော့
ကျောင်းကို ခွင့်တိုင်စာပို့ပြီး သူ့နဲ့ အတူ ဝမ်းနည်းခြင်းအခမ်းအနားသို့ လိုက်ပါပေးဖို့ ပြင်ရ၏ ။ အိပ်ယာပေါ်၌ မျက်မှောင်ကုတ်ထိုင်ကာ သူသည် မှန်ရှေ့‌ပြင်ဆင်နေသော May. ကို မျက်တောင်မခတ် ငေးမောလျက်. . .  ။

သူ့ ရာသီဥတုသိပ်မကောင်း၍ May လဲ မသိယောင်သာဆောင်နေလိုက်သည် ။ ဝမ်းနည်းခြင်းအခမ်းအနားကို တက်ရန် သူအတော် အခက်တွေ့နေပုံရ၏။

May အကြောင်းအရင်းတွေကို မေးမြန်းဖို့ စိတ်ကူးမရှိပါ ။ 'ဘာတွေဖြစ်နေတာလဲ ' ဆိုသည့်မေးခွန်းက အမှန်မှာတော့ တစိမ်းဆန်ကာ ရက်စက်သောမေးခွန်းမျိုးအစားပင် ။

လူသားများသည် တစ်ယောက်ကို
တစ်‌ယောက် အလုံးစုံ နားလည် သဘောပေါက်ရန် မတတ်နိုင်ပေ ။တစ်စုံတစ်ယောက်အား နားလည်နိုင်ရန်
ထိုသူနည်းတူ ဘဝကို ထပ်တူဆင်တူဖြတ်သမ်းကြည့်မှဖြစ်နိုင်မည် ။  ထိုသို့ဆိုလို့လဲ အကြင်သူအား နားလည်နိုင်ဖို့ကြိုးစားအားထုတ်နေမှုကို ရပ်တန့်ပြစ်၍လဲ မဖြစ်ပါ ။

ယခုအချိန်၌ May လုပ်နိုင်သည့် တစ်ခုတည်းသော အလုပ်က သူ့အား နားလည်နိုင်ရန်ကြိုးပမ်းမှုလေးတစ်ခုသာ . . . ။ တစ်နေ့တော့ သူအဆင်သင့်ဖြစ်ကာ ဖွင့်ပေးမည့် တံခါးဝ‌ ‌ကြံ့ကြံ့ခံကာစောင့်နေရုံမှတပါး ရွေးချယ်စရာမရှိ ။

Killian :"  ရာသီဥတုက အေးတယ် "

အက်ရှရှ အိပ်မှုန်စုပ်ဖွားအသံဖြစ်သည်။

ဆူပုပ်နေသော နှုတ်ခမ်းပါးတွေမှအသံထွက်လာတော့ May သူ့ကိုလှည့်ကြည့်လိုက်သည် ။ မသွားချင်လို့ ရာသီဥတုနှင့် ဆင်ခြေပေးချင်ပုံ ။

သူ့ ဆံပင်နက် ပွပွလေးတွေသည် ထိုးထောင်ကာ စုပ်ဖွာနေ၏ ။ မျက်မှောင်ကုတ်ထားကာ ‌နှုတ်ခမ်းဆူပုပ်နေသည့် မျက်နှာပေးက ဂျစ်ကန်ကန်ရုပ်  ။

Tasting RED : Eros (Completed)Where stories live. Discover now