Knock ! Knock !

15.3K 1K 82
                                    

#Zawgyi

May သည် စားခဲ့ဖူးသော သကြားလုံးခွံလေးတွေကို စာအုပ်ကြားထဲ ညှပ်သိမ်းထားတတ်တဲ့ မိန်းကလေးအမျိုးအစားဖြစ်သည် ။

ဆွဲကျန်ခဲ့တဲ့ ရနံ့ချိုချိုလေးတွေကို မှတ်စုလေးဖွင့်တိုင်း ဖိဖိနမ်းတတ်သည်။
ပြီးရင် ထိုအချိန်က ခံစားဖူးတဲ့အရသာနဲ့ ခံစားမှုလေးတွေကို ပြန်ပြောင်းတွေးတောသည်။
သကြားလုံးစားပြီး ငိုခဲ့ရတာတွေမရှိပဲ ၊
သကြားလုံးစားပြီး အငိုရပ်သွားရတာတွေပဲရှိခဲ့တယ်လေ ။
သကြားလုံးလေးတွေက ပျော်စရာတွေကိုပဲယူဆောင်လာတတ်ကြတာ . . .။

အခုအချိန်မှာမှန်မှန်လေး စုစောင်းမိနေတာတွေက သူ့ရဲ့ ရနံ့လေးတွေချည်းပဲ။
May. ရဲ့ မှတ်စုလေးဟာ အခုတော့
Petrichor နံ့လေးဆွဲလို့ ။
May. ခန္ဓာကိုယ်လေးကိုတောင် အလွတ်မပေးပဲ ဆွဲမြဲနေခဲ့ပြီ ။
ဘူးလေးနဲ့ သိမ်းထားချင်ခဲ့ပေမယ့်
ရင်ခွင်ထဲပဲထည့်သိမ်းထားလိုက်တာလေ ။

အိပ်မက်တွေထဲမှာတောင် မှတ်မိနေတဲ့ ရနံ့လေးပေမယ့် ထပ်မံအတည်ပြုတဲ့အနေနဲ့ shirt အဖြူလေးကို ဖိနမ်းလိုက်သည် ။
ရင်ထဲလေပြေအေးလေး ယှက်တိုက်သွားသလို ခံစားရတော့ မသိမသာလေးပြုံးလိုက်မိသည် ။

. . သူ့အကျင့်နဲ့မလိုက် ကိုယ်သင်းနံ့လေးက ရိုးရှင်းလိုက်တာ . . ။

Killian : " ဘေ့ . . ? ဘာလုပ်နေတာလဲ "

သူ့ဘောင်းဘီလေးလိပ်တင်ထားပြီး ရေချိုးခန်းထဲဝင်လာကာ ပြုံးစိစိ မေးသည် ။
သူ အဝတ်ကူလျော်ပေးဖို့ ဝင်လာတာဖြစ်နိုင်သည်။
သို့သော် အဝတ်‌ခြင်းထဲက သူ့အဝတ်တွေကို ခိုးနမ်းမိသော ကောင်မလေးမှာလူမိသွား၏ ။

သေစမ်း May !

May. ကို နှာဘူးလို့ထင်သွားပြီလားမသိ. . .

သူက အနားကပ်လာကာ May. လက်ထဲက သူ့အကျီကိုယူကြည့်သည် ။
ထို့နောက် May. နည်းတူနမ်းကြည့်သည် ။

May. မျက်နှာလေးတွေ ပန်းသီးလုံးလေးပမာ ရဲတက်လာကာ အော်လိုက်သည် ။

" . . ဘာလုပ်တာလဲ "

ထိုအခါ သူက မျက်နှာနီလေးကို ငုံ့ကြည့်ကာ အားရပါးရအော်ရယ်တော့သည် ။
May. မှာ သူလှောင်နေသည်အမှတ်နှင့်
လွန်စွာ ရှက်သွားရသည် ။

Tasting RED : Eros (Completed)Where stories live. Discover now