Deep Blue

20.3K 1.5K 57
                                    

Unicode Below ⬇️

#Zawgyi

တစ်ခါက . . .
ပိုင်စိုးပိုင်နင်းစကားတွေကို မပြောလို့
စိုးရိမ်ကြောင့်ကြဖြစ်ခဲ့ဖူး၏။

" ဝေးဝေးနေလို့မရဘူး " ဆိုသည်ကစ
" မင်းကို အသည်းအသန်လိုအပ်နေတာပါ " ဆိုသည်က အဆုံး ။ ယခု သူက အကြင်နာဝေသော စကားတွေဆိုခါမှ May ပင်ပန်းရပါပြီ ။ ဘယ်သူကသိခဲ့မှာလဲ . . . တချို့သော ချစ်ခြင်းစကားတွေက မသာယာ‌ဘူး‌နေဘူးဆိုတာ ၊ မနူးညံ့နေဘူးဆိုတာ ။

အရောင်လွင့်လေပြီးမှ လွှင့်ပစ်ခံရမည့် သူ့ရဲ့ အနှစ်သက်ဆုံးအရုပ်မလေးဖြစ်မယ့်အစား May မှန်‌လှောင်အိမ်ထဲမှာပဲ ပိုင်ရှင်မဲ့နေချင်သည် ။ ဒါဆိုရင် May က သိပ်ပြီး
အေးစက်လွန်းသွားမလား ? သူရဲ့ လွှမ်းမိုးမှုတွေပဲနေမှာပေါ့ ။

ဆောင်းဦးရွက်ကြွေများက လေဟုန်ဖြင့်ဝဲပျံကာ မြေပြင်ထပ်ပြန့်ကျဲနေလေပြီ ။

ဝေဟင်၌ မြင်မြင်သမျှက ရွက်ကြွေတွေချည်းပဲတဲ့ ။ ပန်းရောင်ဖြိုးတဲ့ ကောင်းကင်ယံကလဲ မှော်ဆန်တယ်တဲ့ ။ လူတွေပြောကြတာပါ။May ကတော့ ကောင်းကင်ကြီးကို မငေးကြည့်တာကြာပြီလေ . . .။ 

‌သူ့ဆီမှ ပြေးထွက်ခဲ့စဉ်တည်းက May.ရဲ့ကမ္ဘာကြီးမှာ ကောင်းကင်မဲ့သွားခဲ့၏ ။ ကောင်းကင်တစ်ခု ပျောက်ဆုံးရုံနဲ့ ဘာတွေပြောင်းသွားမှာလဲ လို့မေးခဲ့ရင် . . . ဖြေမိသည်ထင့် ' အရာရာပါပဲ ' လို့ ။

Shen : " နေလောင်ကွက်တွေက ခုထိမပျောက်ဘူးဟ တစ်ပတ်တောင်ကြာပြီကို "

Ci Ci :" ငါ့ကျောကိုလဲ အားနာပါဦး။ စုတ်ပြတ်သတ်နေတာပဲ "

Shen : " May ကတော့ ကောင်းတာပေါ့
နေလုံးဝမလောင်ဘူး ။ ရေမကူးလို့ထင်တယ်နော် "

လက်လာတို့သော သူငယ်ချင်းမလေး Shen Shen ကြောင့် Mayသည်ရုတ်တရက်နိုးသွားသော အိပ်မက်ခရီးသည်လို . . . ။

Shen ရော Ci Ci ပါ May.ကို စူးစမ်းကြသည် ။

Shen : " နင်ဘာတွေဖြစ် ? ကမ်းခြေကပြန်လာကတည်းကပဲ "

Tasting RED : Eros (Completed)Where stories live. Discover now