' Gone '

19.2K 1.3K 13
                                    

Unicode Below ⬇️

#Zawgyi

" စာမေးပွဲနီးပြီ ၊ မနက်ဖြန်ကနေစပြီး
private study ပေးမယ် ။ ဒီလ အကောင်းဆုံးဆိုတာပဲလိုချင်တယ် ကြားကြလား ? "

တီချယ်ချမ်း၏အသံသည် ကျယ်လောင်စွာ အခန်းအတွင်းမှ ကျောင်းသားကျောင်းသူများထံ ရာဇသံပေး၏ ။

" ဟုတ်ကဲ့ပါ တီချယ် ! "

အတန်းသားများ အသံပြိုင်ဖြေကြသော်လည်း May မဖြေမိ ။

May. အတွက် လောကကြီးက black & white ။ တခါက လှပခဲ့ဖူးသည် ။ ဘာကြောင့်လဲ မမှတ်မိတော့ . . . ။

Shen Shen : " ဟဲ့ ! "

May. ပုခုံးကို အားနဲ့လှုပ်ကာခေါ်သော
Shen Shen ကို May ခေါင်းညိတ်ထူး
လိုက်သည် ။ Shen Shen ကမျက်နှာမဲ့သွားကာ . . .

Shen Shen : " နင့်ကို ငါကစာရှင်းခိုင်း
မလို့ပါ ။ ဒါပေမယ့် နင့်ကြည့်ရတာ
စာမေးပွဲကျခါနီးငါ့ထပ် ပိုအခြေအနေ
ဆိုးနေတဲ့ပုံပဲ "

မျက်တွင်းတွေကျနေသည့် May.ရဲ့
မျက်နှာက အရောင်မဲ့စွာ ။ May ဘယ်လိုအခြေအနေရှိနေသလဲ ကိုယ်တိုင်သိတာပေါ့ ။ ညတိုင်းငိုပြီး အိပ်သွားတာများတာမို့ စိတ်မနှံ့သူလိုဖြစ်နေ‌ပြီလေ ။

" အင်း ရှင်းမယ်လေ ။ ငါရှင်းတာ နားထောင်မယ့်သူတွေ စုထားလိုက်တစ်ခါတည်းရှင်းပြမယ် "

May.စကားကိုကြားတော့ Shen မျက်နှာက ဂွမ်းဆီထိသွားသည့်ပမာ ပြုံးဖြီးသွား၏ ။

Shen : " အေးအေး စုထားလိုက်မယ် ။ Lan လဲ နင့်ကို စာမေးချင်နေတာတဲ့ ဟိုတလောကပြောနေတာ ။ ဒါပေမယ့် King ရှိနေလို့ ငါတို့တွေအကုန် အနားမကပ်ရဲတာ "

' King ' တဲ့ ။
နာမည်ကြားရင်ပဲ သူရှေ့မှောက် ဒူးပဲပြေးထောက်ရတော့မလိုလို ။ ထိုင်ပဲရှိခိုးရတော့မလိုလို ။

" ဟင်း "

May ကိုယ့်အတွေးကြောင့် မိမိဖာသာရယ်မိ၏ ။ ခက်တာက May မှာ သူ့ကို ချစ်လွန်းလို့ ကိုးတောင်ကိုးကွယ်ခဲ့ဖူးတယ်လေ ။

Tasting RED : Eros (Completed)Where stories live. Discover now