" Are You Afraid ? "

27K 1.7K 21
                                    

Check Unicode Version Below ⬇️

#Zawgyi

အချစ် က သန်မာတာမဟုတ်ပဲ
အချစ်ကို ခံစားတတ်တဲ့ ကျွန်ုပ်တို့က
သန်မာခြင်းသာဖြစ်သည် ' တဲ့ ။ ထိုသို့ဆိုလျင် May သူ့ကို ချစ်ဖို့အတွက် မည်မျှသန်မာနိုင်ရမည်နည်း ?

သူသည် ဘယ်လက်ကပန်းကိုင်ပြီး ညာလက်ကဓားကိုင်ကာ May.ကို ကျရူံးစေခဲ့တဲ့ နှလုံးသားရဲ့ရှင်ဘုရင်ပါ ။ သူဟာ May အဆုံးထိဖြတ်သန်းနိုင်ပါ့မလား မသေချာတဲ့ အန္တာရာယ်များသည့် စွန့်စားခရီးတစ်ခု ။

သူ့လက်ကိုဆွဲကာ အိမ်ပြန်လမ်းပေါ် နှစ်ယောက်သား လျောက်လာသည် ။ သူကလဲ စကားတစ်ခွန်းတစ်လေမျှမပြောပဲ
တိတ်တိတ်လေးသာ May ဆွဲရာလိုက်ပါလာ၏ ။ May ဆုပ်ကိုင်ထားသည့် သူ့ရဲ့လက်ဖျားတွေသည် နွေးထွေးကာ အေးခဲနေတဲ့သူ့နှလုံးသားနဲ့တော့ ဆန့်ကျင်ဖက်ပင် ။

အိမ်ထဲ‌ရောက်မှ မီးရောင်အောက် သူ့မျက်နှာပေါ်က ဒဏ်ရာတွေကို ထင်ထင်ရှားရှား တွေ့လိုက်ရချိန် May.တစ်ကိုယ်လုံးနာကျင်သွားရ၏ ။ သူ အရမ်းနာနေမည်ကိုသိ၍ ကိုယ်ကပိုနာရသလိုမျိုး ။ သူက အပြင်ဒဏ်ရာ May ကအတွင်းဒဏ်ရာ ။

ဆိုဖာပေါ်၌ သူ့ကိုပေးထိုင်ကာ May သူ့ဒဏ်ရာတွေကို ဆေးကြော၏ ။ ပြီးနောက် ပေါက်ပြဲနေသောအရာတွေအပေါ် ဆေးနီတို့ပေးဖို့ ကြိုးပမ်းရသည် ။

" နာရင်ပြောနော် "

သူ့ဒဏ်ရာတွေက တစ်ခုခုနဲ့အရိုက်ခံထားရသလို ရှရာခြစ်ရာတွေအပြင် ထိုးသတ်ပွဲတစ်ခုဆင်နွှဲခဲ့သူပမာ အညိုအမည်းတွေဆွဲနေ၏ ။ သူ့ရဲ့လက်ဆစ်တွေမှ ပွန်းရာတွေ‌ကြောင့် သူရန်ပွဲတစ်ခုမှာပါခဲ့တာဖြစ်ကြောင်း ပိုသေချာသွား၏ ။

May.မှာ ဆေးထည့်သည့် ဂွမ်းတံကိုကိုင်ရင်း ပင့်သက်အခါခါချမိသည် ။ သူ့အတွက်ဆေးပေးပြီး May.ဒဏ်ရာအတွက်က ဆေးမရှိ ။ နှလုံးသားက နာတာမို့ ။

Killian : " ကိုယ့် ဖာသာဆက်လုပ်မယ် ပေး "

May.လက်ထဲကဂွမ်းတံကို သူစိတ်မရှည်ဖြစ်ကာ လာလုသည် ။ May လဲ အတင်းပြန်ဆွဲကာ အော်လိုက်မိသည် ။

" နင် ငြိမ်ငြိမ်နေ "

သူ့မျက်နှာက တင်းခနဲဖြစ်သွားသော်လည်း May မျက်ရည်တွေဝဲနေတာကိုသတိထားမိသွားတော့ ပြန်ငြိမ်သွားလေသည် ။ အံကိုကြိတ် ၊ မျက်ခုံးတွေတွန့်ပြီး မျက်လွှာချကာငြိမ်နေသည့် သူ့မျက်နှာကို May ငေးမောမိသည် ။ သူရှင်းပြဖို့စိတ်ကူးရှိပုံမရ ။ ဤဒဏ်ရာတွေက မျက်နှာတစ်ခုပဲမဟုတ်နိုင် ... ခန္တာကိုယ်ပေါ်မှာရောရှိနေနိုင်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now