' Midnight Danger '

26.6K 1.7K 35
                                    

Check Unicode Below ⬇️

#Zawgyi

Killian : " ရော့ ဒီအကျီကိုဝတ်လိုက် ။ ပြီးတော့ ဒါကကိုယ်သုတ်ဖို့ "

May.ကို သူ ရေချိုးခန်းထဲချပေးကာ
အဝတ်ရန် shirt အကျီဖြူတစ်ထည်နှင့်ကိုယ်သုတ်ပဝါတစ်ထည်ပေးပြီး ပြန်ထွက်သွားသည် ။ သူဘာမှမလုပ်ပေ ။ May သည် ရေချိုးခန်းထဲ တစ်ယောက်တည်းကြောင်အမ်းကာကျန်နေခဲ့၏ ။

May ဖာသာပဲ အတွေးလွန်မိတာလား ။ သူပဲ သူတော်ကောင်းယောင်ဆောင်နေတာလား မပြောတတ်တော့ ... ။ အခု သူက တည်ငြိမ်သူကြီးဖြစ်သွားပြီး May က အကဲပိုသူလိုဖြစ်သွားပြီ ။ ရှက်စရာအလွန်ကောင်းပါလား ။

May ကိုယ်သုတ်ရင်း မှန်ထဲမှာ ကိုယ့်ကိုယ်ကိုကြည့်မိ၏ ။ ဖြူနုသော ပြစ်မျိုးမှည့်မထင်အသားအရည်နှင့် အချိုးအစားကလဲ ရှိသင့်တဲ့နေရာရှိပြီး လှပလွန်းတာ ငြင်းလို့မရ ။ မျက်နှာမှာလဲ ရေစိုသွားပြီဖြစ်၍
ရေးဆွဲထားသည့် မှည့်ခြောက်တုတွေလဲ
မရှိတော့ ။ ဆွဲဆောင်မှုမရှိတဲ့နေရာဆိုလို့တစ်စိုးတစ်စိမျှ မရှိနေပါ ။ အဲဒါဆိုရင် သူဘာကြောင့် ...

" အား ! "

May တစ်ယောက် ကိုယ့်အတွေးနဲ့ကိုယ်ရှက်ကာ အော်လိုက်မိ၏ ။

Killian : " ဟေး ပြီးပြီလား ? ပြီးရင်ထွက်တော့ နောက်လူရှိသေးတယ် "

သူတံခါးလာခေါက်တော့ May.ရင်ဖက်ထဲ
ဆောင့်တက်သွားသည် ။ သူခိုးလူမိသလို ခံစားရ၍ လူပြန်ဟစ်တော့သည် ။

" အပြင်မှာလဲပေါ့ ဟွန်း "

Killian : " ဟာ သူများရေချိုးခန်းကို ... အေးပါကွာ မြန်မြန်သာလုပ် ဟုတ်ပြီလား
အေးမယ် "

ရယ်သံသဲ့သဲ့နဲ့ သူထိုသို့ဆိုပြီး တံခါးအဝေးသို့ ပြန်လျောက်သွားသည့်ခြေသံကို နားစွင့်ပြီးမှ ပင့်သက်ချမိ၏ ။ May လဲပြီးတာနဲ့ အိမ်ပြန်မှဖြစ်မည် ။ အိမ်မရောက်မချင်း မလုံခြုံသေး... ။

သူပေးတဲ့ တီရှပ်အဖြူက ဒူးပေါ်အထိရှည်၍ ဂါဝန်လိုဖြစ်သွားကာ အောက်ကဘောင်းဘီမလိုတော့ ။ သို့သော် သူ့အဝတ်မို့မလုံမလဲခံစားရပြန်သည် ။ မိန်းကလေးဖြစ်ရတာလဲအခက်သား ။

Tasting RED : Eros (Completed)Where stories live. Discover now