' in love with the Devil '

28.1K 1.5K 12
                                    

Unicode Version Below ⬇️

#Zawgyi


နေမင်းသည် အနောက်သို့ပုန်းခိုလျက်
လောကကြီးအား မဝံ့တဝံ့နှုတ်ဆက်စကားဆိုနေသယောင် ။ ရေးတေးတေး မှုန်ပြပြ မာကျူရီမီးလုံးလေးများ ဟိုဟိုသည်သည်ထွန်းလင်းလာတော့ ည ၆ နာရီထိုးလေပေါ့ ။

သူဖန်ဆင်းပေးတဲ့ ခံစားမှုအသစ်တွေကြောင့် May.ခန္တာကိုယ်လေး မောပန်းသွားရကာ အိပ်လိုက်တာအတော်ကြာသွားခဲ့၏ ။ အခုမှ အပြင်ကစကားသံတချို့ကြောင့် နိုးလာသည်။

မျက်ခွံများပွင့်သည်နှင့် နေ့ခင်းက May တို့
နှစ်ယောက်၏ နီးစပ်သွားပုံများကို ပြန်လည်မြင်ယောင်လာကာ ရင်ထဲပူစပ်ပူလောင်ဖြစ်လာသည် ။ သူထိတွေ့ခဲ့တဲ့ May့ရဲ့ရပ်ဝန်းတချို့မှာလဲ ယခုနေပြန်လည်လောင်ကျွမ်းလာသလို ... ။ အရှက်တရားတွေရော ၊ အကြောက်တရားတွေပါကင်းမဲ့ခဲ့သော ဆုံးဖြတ်ချက်တွေပါ ။

May ဟာ ဒီအချစ်တစ်ခုကြောင့်နဲ့ ဘယ်အထိသွားနိုင်သလဲ ? သူကရော May.ကို ဘယ်နေရာတွေအထိ ခေါ်သွားဖို့ရည်ရွယ်ထားသလဲ ? ငရဲအထိပဲလား ... ။ သူ့ကိုချစ်တဲ့ May ဟာ စုံလုံးကန်းနေတဲ့ အကန်းမလေးဆိုရင် သူဟာ May့အား လက်ကမ်းတဲ့သူဖြစ်မှာလား ၊ ချောင်ထဲတွန်းချတဲ့သူဖြစ်မှာလား ?

သူ့ဖက်က‌ လျောက်လှဲရမယ်လို့ဆိုပါလျှင်... May့ကိုကြည့်တဲ့ သူ့ရဲ့အကြည့်တွေဟာ ဘယ်လိုမှ အလိမ်အညာတွေမဟုတ်နိုင်ဘူးလေ ... ။ ထိုမျက်ဝန်းတွေက သူရဲ့အတွင်းတစ်နေရာရာမှလာ‌သော ထုတ်မပြောနိုင်တဲ့ စကားလုံးအချို့ကိုဖော်ကျူးနေခဲ့တာ သေချာပါတယ် ။ May ချစ်တဲ့ နက်ပြာရောင် ရီရီဝေဝေလေးတွေ ... ။

အတည်ပြုပေးပါလား သူရယ် ... May အထင်တွေမှားနေတာမဟုတ်ကြောင်း ။ အကယ်၍ သူသာ ' ချစ်တယ်' လို့ဆိုပေးရင် ဘယ်လောက်တောင် ကောင်းမလဲနော် ။

မွန်းကျပ်ကျပ်အတွေးနွံထဲမှ ရုန်းထွက်ကာ
May အခန်းထဲမှထွက်လာခဲ့လိုက်သည် ။ခြောက်ကပ်နေသည့် အသွင်လည်ချောင်းတစ်လျောက် စိုပြေစေဖို့ရာ အောက်ထပ်သို့ May တစ်ယောက်ရေယူရန်ဆင်းလာခဲ့သည် ။ စကားပြောသံများကြောင့် အောက်ထပ်တွင် ဧည့်သည်ရောက်နေသည်ဟုထင်ခဲ့သော်လည်း အခု‌တော့ဘာသံမှမကြားတော့ပေ ။

Tasting RED : Eros (Completed)Where stories live. Discover now