' What kind of women does King like ? '

19K 1.1K 63
                                    

#Zawgyi

" Killian  ကားက ဒီမှာရပ်ခွင့်ရှိလို့လား ? "

ဆရာ၊ ဆရာမများ၏ ယာဉ်များသာရပ်ခွင့်ရှိသော ကျောင်းအနောက်ဖက်မှ
ပါကင်၌ ထိုးရပ်လိုက်သောကြောင့်
May မျက်လုံး‌ဝိုင်းလေးဖြင့် မေးမိ၏ ။
သူက လောကကြီးကိုပိုင်သောမျက်နှာဖြင့် May. ဖက်လှည့်ပြုံးပြသည် ။
အနှီတင်စီးသော မျက်နှာအား May ကောင်းစွာသဘောပေါက်ပါသည်။ 

Killian King မို့လို့ကို ရပ်ခွင့်ရှိပုံရသည်။
' King ' တစ်‌ယောက်ဖြစ်နေရခြင်းမှာ အခွင့်ထူးတွေကသိပ်များ၏ ။

Killian : " Students' Parking မှာရပ်ရင်
ကိုယ့်ကားထဲကနေ ဘေဘီထွက်လာတာကို သူများတွေမြင်လိမ့်မယ်
အဲလိုဆိုလဲ ဘေဘီ အိုကေလား ? "

May. ကို ခါးပတ်ဖြုတ်ပေးရင်း အလိုက်သိသူကြီးလို သူကဆိုလေ၏ ။

Killian : " . . .သေချာပေါက်  ကိုယ်ကတော့ ကြော်ငြာပြီးသားမို့ သဘောကျပေမယ့်လို့ . . .  "

May ခေါင်းကို လည်နေအောင်ခါပြစ်လိုက်သည် ။

သူရဲ့ ချစ်သူကောင်မလေးဆိုတာ
ကျောင်းကလူတွေ သိသွားကြည့်ပါလား ။
အခုတောင် စကားပြောတာကိုတွေ့ရုံလေးနဲ့ ပြသနာများနေတာက တော်ရုံတန်ရုံမဟုတ် ။ 
စာမေးပွဲအပြီး ဆောင်းရာသီပိတ်ရက်ကျောင်းပြန်ဖွင့်တည်းက
အနိုင်ကျင့်မှုတွေ ပိုပိုတိုးလာတာကို
သတိထားမိသည်။ 

May စုစုဆောင်းဆောင်း ဝယ်ထားတဲ့ ဖိနပ်လေးကိုလဲ ဖျက်စီးလိုက်ကြသည်လေ။
May တွေးကြည့်ရင်း မျက်နှာလေးမဲ့ သွားသည် ။

သူက တွန့်လိမ်နေသော မျက်နှာမဲ့လေးကို တွေ့တော့ မသိမသာပင့်သက်ချ၏ ။
သူက ဤသို့တိတ်တိတ်ပုန်းနေရတာကို
အလိုမကျနေ ။
သို့သော် May. ရဲ့ မျက်ရည်ခံထိုးမှုကြောင့် လိုက်လျောခဲ့ပါသည် ။
ဘာကြောင့်ဆိုသည့် အကြောင်းပြချက်မပေးပဲ မိမိလိုရာကိုဆွဲထားသောကြောင့် May လဲ သူ့ကိုအားနာရပါသည်။ 

ဒါပေမယ့် ချစ်သူကောင်လေးဟာ
သာမာန်မိန်းက‌လေးတစ်ယောက်အဖို့တားမြစ်ခံ ဖြစ်တည်မှုတစ်ခု . . ။
' Heavy is the head that wears the Crown ' 
' သရဖူဆောင်းသူသည်သရဖူ၏အလေးချိန်ကိုခံရမည် '  တဲ့ ။
ပြောရရင် သူက May ဆောင်းရမယ့် သရဖူကြီးပေါ့ ။
ခက်တာက သရဖူကြီး မည်မျှလေးကြောင်း သူ မသိအောင်ဖုံးရကွယ်ရတာဖြစ်၏ ။
နို့မဟုတ်လို့ သူသိသွားခဲ့ရင် သက်မဲ့ သရဖူလိုမျိုး ငြိမ်ငြိမ်လေးထိုင်နေမှာ
မဟုတ်ပေ ။
ကျောင်းမှာ ပြသနာတွေ အကြီးအကျယ်တက်သွားလိမ့်မည် ။
ထိုလိုကိစ္စမျိုးကို May ကလုံးဝအဖြစ်ခံမှာမဟုတ်  ။
လူအများ၏ အာရုံစိုက်မှုခံရခြင်းကို
May က အမုန်းဆုံးပင် ။

Tasting RED : Eros (Completed)Where stories live. Discover now