The Boy, the girl & their Love

21.2K 1.2K 57
                                    

#Zawgyi

ဘေးချင်းကပ်အခန်းမို့ အားမစိုက်ရပဲ
ညည်းသံတချို့ကိုကြားနိုင်သည် ။
စို့နင့်သော အသံတွေသည် ကူရာကယ်ရာမဲ့နေ၏ ။

ကြားယောင်နေတာဖြစ်မှာပါလို့ နှလုံးသွင်းမိပေမယ့် မှားသွားပြီ ။

ညည်းညူသံတိုးတိုးကြောင့် May နိုးလာခဲ့သည် ။
မျက်လုံးဖွင့်သည်နှင့် ဆတ်ခနဲထကာ
သူ့အခန်းရှေ့ကိုပြေးမိ၏ ။
ဤအိမ်ကြီးတစ်ခုလုံးမှာ အိပ်ရင်းငိုနေတတ်တဲ့ အတွင်းဒဏ်ရာရသူဆိုလို့ မျက်လုံးနက်ပြာလေးတွေနဲ့ကောင်လေးတစ်ယောက်သာရှိသည် မဟုတ်ပါလား ။

သူ့အခန်းထဲအမြန်ဝင်လိုက်တော့
တွေ့ပါပြီ ။
May. ရင်ထဲ စို့ခနဲ ။
အနာတရဖြစ်နေသော သတ္တဝါလေးတစ်ကောင်ပမာ အိပ်‌ယာပေါ်၌ကွေးကုတ်နေသည့် သူ ။
တစ်ကိုယ်လုံးကိုကျုံ့ထားကာ တစ်စုံတစ်ယောက်က သူ့အားရှာဖွေတွေ့ရှိသွားမှာစိုးနေသည့်ပမာ ။

Killian : " ကယ် . . . ပါဦး . .   မာမီ
မာမီ . . "

တစ်ကိုယ်လုံးတုန်ယင်နေကာ မလာတော့မည့် အကူအညီကို အိပ်မက်ထဲမှာပါ သူစောင့်မျော်နေပါပေါ့လား ။
သေချာသည့်အရာတစ်ခုက သူသည်
မိခင်ဖြစ်သူကို မုန်းချင်ခဲ့သည် ။
ဒါပေမယ့် မမုန်းနိုင်ခဲ့ ။
သူဟာ အချစ်ကြီးလို့ အမျက်ကြီးနေခဲ့ခြင်းသာ ။

" Killian . . . ငါရှိနေပြီ . .
နင်ဘာမှမဖြစ်တော့ဘူး "

အိပ်ယာစွန်း၌ ထိုင်လိုက်ပြီး သူ့ကျောပြင်ကို ညှင်သာစွာပွတ်သပ်ပေးလိုက်သည်။
သူ့တစ်ကိုယ်လုံးချွေးစေးတွေထွက်နေကာ တဆတ်ဆတ်တုန်နေသည် ။
သူ့အိပ်မက်ဆိုးတွေကို ရပ်တန့်ပြစ်ရမည် ။

" Killian "

May. အသံလေးတွေ တုန်ခါကာ တိုးညှင်းစွာတမ်းတခေါ်ဝေါ်မိသည် ။
လက်တွေလဲ တုန်ယင်နေကာ
နှလုံးသားက အကြီးအကျယ်တုန်လှုပ်နေပြီ ။
သူရဲ့ ပျော်ရွှင်အေးချမ်းနေတဲ့ မျက်နှာလေးကိုပဲ မြင်တွေ့ချင်သည် ။
သူအခုမနိုးထပါလျင် အိပ်မက်ထဲကတစ်စုံတစ်ရာက သူ့အား May. လက်ထဲမှ လုယူသွားတော့မည် ။
May သူ့နာမည်ကို ထပ်ခါထပ်ခါခေါ်နေမိကာ အားနဲ့ လှုပ်နှိုးလိုက်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now