Hell General a.k.a. Damian King

20.8K 1.2K 25
                                    

Unicode Below ⬇️

#Zawgyi

ငရဲစစ်သူကြီး၏ ခြေတစ်လှမ်းအကြွတွင် May သည် အသက်ရှူဖို့တစ်ခါမေ့ရ၏ ။

အရှိန်အဝါသည် လောကကြီးအား မီးလျှံအဖြိုင်းဖြိုင်းတောက်လောက်သွားစေမည့် ကြယ်တံခွန်ကြီးလို ... ။ ဒီလိုနေရာတွင်တော့ ရေခဲတောင်ကြီး Killian King နှင့် ကွာခြားသည် ဟုဆိုရမည် ။

အသွင်အပြင်မှာ‌တော့ သားအဖနှစ်ယောက်သည် Copy , Paste ပြုလုပ်ထားသည့်ပမာ ချွတ်စွတ်တူကာ နတ်ဆိုးဘုရင်နှင့် နတ်ဆိုးမင်းသားလားလို့တောင် အထင်ရောက်လိမ့်မည် ။

Damian : " Miss Summer "

ငေးနေတုန်းမှာပင် အနားသို့ရောက်လာသော မာဖီးယားဘော့စ်သည် May.နာမည်ကို ခေါ်လိုက်လေ၏ ။ လေသံသည်ကား တည်ငြိမ်သော်လည်းတုန်ခါမှုက အူထဲအသည်းထဲကိုပါ တုန်လှုပ်စေသလို လူတစ်ယောက်အား ကြောက်ချေးပါစေမည့် သြဇာအမိန့်သံမျိုး ... ။

May. နှုတ်ခမ်း‌များ တုန်သွားသော်လည်း
မသိသာစေလိုက် ။ ဣန်ယြေထိန်းကာ သွားမပေါ်စေပဲ ပြုံးပြလိုက်၏ ။

Killian သာ ဤအဖေလိုမျိုးကြီးပြင်းလာလျင် May သေလိမ့်မည်ထင်သည် ။

Damian :" အတိုင်ပင်ခံ Kuu "

ငရဲစစ်သူကြီးက Dawn ကို ခေါင်းတစ်ချက်ညိတ့်ကာ နှုတ်ဆတ်လာတော့ Dawn က ခါးကိုင်း၍ပြန်နှုတ်ဆတ်၏ ။

Dawn :" General "

မာဖီးယားဘော့စ် ဟုသာဆိုကြသည်
May.အမြင်တော့ ဤငရဲစစ်သူကြီးသည် အလွန်ယဉ်ကျေးပေ၏ ။ ထိုနေရာကတော့ သားတော်မောင် Killian နှင့်မတူပေ ။ ဖခင်ဆီက ယဉ်ကျေးမှုရှိပုံလေးနှင့် Dawn ဆီက နွေးထွေးတတ်မှုလေး နည်းနည်းသာ သူသင်ယူလျင် ဘယ်လောက်တောင်ပြည့်စုံသွားမည်နည်း ။

May သည် ကိုယ့်အတွေးနဲ့ကိုယ် ပင့်သက်ချမိ၏ ။May. အား အကဲခတ်နေသည့် မျက်လုံးတစ်စုံသည် ထိုအမူအရာကိုမလွတ် ။

Damian :" Miss. Summer,  အနေခက်လဲ ခဏတော့ စကားပြောရမယ် "

ထိုစကားလုံးတွေက May.ခေါင်းပေါ်
ရေခဲရေလောင်းချလိုက်သလို ...တစ်ကိုယ်လုံး စိမ့်ခနဲ ။

Tasting RED : Eros (Completed)Where stories live. Discover now