'Sunflower Field ' (Warning Rated 18+ )

27K 953 36
                                    

#Zawgyi

Killian : " အဲ့ဒီဘားမှာ ကိုယ်မင်းကို ပြန်တွေ့တော့ မင်းနာမည်ကိုစုံစမ်းခဲ့တာပေါ့
' May Summer ' တဲ့ ကြားတာနဲ့ မင်းရဲ့ပုံစံလေးကို တန်းမြင်ယောင်စေတာ. . . . .
ကိုယ်အရမ်းကြိုက်ခဲ့တယ်ပေါ့ ဟင်းဟင်း "

အက်ရှတဲ့အသံကိုမှ အဆွေးဓာတ်တွေပါ၏ ။
အရိုးထဲစိမ့်ဝင်သည်အထိ ကျဉ်တက်သွားစေသောခံစားချက်တွေနဲ့ May.အတွက် သူပြောပြတဲ့ပုံပြင်ကလေး ။

Killian : " တစ်နေ့တော့ အဲ့ဆိုင်မှာပဲ မင်းကိုမျက်နှာအသစ်တစ်ခုနဲ့ပြန်တွေ့တယ် ၊ ကိုယ်တန်းသိတယ် ၊ ဒါပေမယ့် မသိချင်ယောင်ဆောင်ခဲ့တယ်
မကြာဘူး Royal High မှာ တတိယနှစ်စတက်တော့ မင်းကိုတွေ့တာပဲ
ဟက် ! ကြောင်တောင်တောင် စာကြမ်းပိုးလေးအနေနဲ့လေ "

ယာယီတဲလေးသည် အလင်းမဲ့နေ၍ သူဘယ်လိုအမူအရာနဲ့ ဆိုလိုက်သည်ကို သေချာမမြင်နိုင်ပါ ။
အကြည့်တွေကသာ အရည်လဲ့ကာ စူးရှနေသည်။
ညသန်းခေါင်၏ ကောင်းကင်သည် ကြည်လင်ကာကြယ်ရောင်တွေတောက်ပသည် ။
အဲဒီကြယ်တွေဟာ သူ့ရဲ့မျက်လုံးတွေထဲမှာလဲ နေထိုင်ကြသည် ။
စူးရှတောက်ပတဲ့ နက်ပြာရောင်ကြယ်လေးနှစ်လုံးကိုသာ ဂရုစိုက်နေတဲ့ May ဟာ လေပြေတွေကြား ယိုင်နဲ့နေတဲ့ နေကြာပန်းဝါလေးတွေလို ။
နေပန်းခင်းကြီးအလယ် ယာယီတဲလေးထဲ အရိပ်ကလေးနှစ်ခုသည် နီးကပ်လျက် ။

သူက ထိုစကားတွေကိုပြောပြဖို့ ရှက်ပါတယ်ဆိုပြီး အခုပြောတော့ တကယ်ရှက်နေရတာက ဘယ်သူလဲ ?
သူ့ရဲ့ လေသံနဲ့ အကြည့်တွေကြောင့် May. တစ်ကိုယ်လုံး ပူရှိန်းကာနေသည် ။
ငြိမ်သက်နေသော May.နား သူပိုပြီးတိုးကပ်လာသည် ။
သူရဲ့အသက်ရှူသံလေးကြားတာတောင် ဆောက်တည်ရာမဲ့နေတဲ့ ကောင်မလေးမှာတော့ အသက်ကိုအောင့်ထားမိသည် ။

Killian : " မင်းက ကိုယ်အမြဲမရိုးမအီပဲ ဖတ်နေမယ့် စာအုပ်ကလေးလိုပဲ . . . . .
သိပ်ဆန်းကြယ်တယ် "

အဲဒီဝန်ခံချက်ရဲ့အဆုံးမှာ May. ကိုယ်လုံးလေးဟာ သူ့ရဲ့သန်မာတဲ့သိမ်းပိုက်မှုကြားထဲပိတ်လှောင်မိလျက် ။
နှုတ်ခမ်းပါးတွေ တို့ထိကာရွေ့ဆင်းသွားသည်က ကျော့ရှင်းသောလည်တိုင်တစ်လျောက် ။

Tasting RED : Eros (Completed)Where stories live. Discover now