' Summer time sadness '

11.6K 716 70
                                    

#Zawgyi

ထိခိုက်စေလိုခြင်း ရည်ရွယ်ချက်မပါသော်လည်း သူမအပြစ်ကင်းသည်မဟုတ် ။
' ချစ်တယ် ' တစ်ခွန်းတည်းနဲ့ ရောင့်ရဲနေစေဖို့ သူမလုပ်ယူလို့မရ ။
‌သူက ခွင့်ပြုမည်မဟုတ် ။
သူသည် သူမဆီကနေ ချစ်သူတစ်‌ယောက်၏အခွင့်အရေးတွေထက် ပိုတောင်းဆိုချင်သည် ။
တယုတယထွေးပွေ့ဖို့ ခွင့်ပြုချက်မလိုတဲ့သူ ၊ တစ်ဦးတည်းသော သက်ဆိုင်သူဖြစ်ချင်၏ ။
အကယ်၍ ထိုရာထူးတွေထက်မြင့်တဲ့‌နေရာရှိသေးရင်လဲ အဲ့ဒီနေရာကိုလိုချင်သည် ။

သူက သိပ်ချစ်လွန်းနေတာကြောင့် သူ့ကိုအနိုင်ယူဖို့ သူမကြိုးစားသည် ။
ဒီလိုပဲ သူကမြင်သည် ။

Killian : " ကိုယ့်ကို မင်းရဲ့အိမ်မွေးခွေးတစ်ကောင်လို ဆက်ဆံတာရပ်သင့်ပြီ
အဲ့ဒါကိုမရပ်ရင် ကိုယ့်အဆိုးမဆိုနဲ့  "

ခါးသီးတာကိုလဲ သိသည်။ 
သူမ စိတ်မကောင်းဖြစ်သွားမှာကိုလဲ သဘောပေါက်ပါသည် ။
ဒီလိုစကားတွေပြောလို့ သူ အနိုင်ရမှာလဲမဟုတ် ။
ဒါဆိုရင် သူဘာကြောင့် ဆက်ပြောနေမိသလဲ မသိတော့ ။
သူလုံးဝမရပ်နိုင် ။

Killian : " ကိုယ့်ရဲ့အဝေးကို ပြေးရင် မင်းကိုကိုယ်သတ်ပြစ်လိုက်မှာ  . . . "

ထိုစကားသည် မူမမှန်တဲ့သူ့ရဲ့စိတ်တွေကို ကိုယ်စားပြုသော အရှင်းလင်းဆုံး သုံးနှုန်းမှုပင် ။
သူမ ကြောက်ရွံ့တုန်လှုပ်ကာ ခွေလဲကျသွား၏ ။
သူအသာအယာပဲ ဖမ်းထိန်းထားလိုက်သည် ။
မြေပြင်ပေါ်ဒူးတစ်ဖက်ထောက်ချကာ ယိုင်နဲ့နေသောသူမကိုယ်လုံးလေးကို သူက အသာအယာမတည်ထားလိုက်၏ ။

ရင်တွေတစ်ခုလုံးမှာ အောင့်သက်သက်. . .  ။
ဒါဟာ အဆုံးသတ်ပဲနေမည် ။
သူ သိပ်ကိုတုန်လှုပ်ခြောက်ခြားနေသည် ။

ဖြေးညှင်းစွာစီးကျလာသော မျက်ရည်ပေါက်တွေက သူမနှုတ်ခမ်းဖူးဖူးလေးတွေပေါ်လာ စိုစွတ်သွားစေသည် ။
တုန်ယင်နေသော သူမနှုတ်ခမ်းတွေဖွင့်ဟသွား၏။ 

" နင်ပျော်မှာလား "

မေးရက်လိုက်လေခြင်း . . .

သူ ခပ်မဲ့မဲ့ပြုံးလိုက်၏ ။
သူမနည်းတူ သူသည်လဲမေးခွန်းထုတ်လိုက်ချင်သည် ။
' မင်းပျော်မှာလား ' လို့ . . . 
သူက လွှတ်ပေးလိုက်ရင် သူမပျော်သွားမှာလားလို့ ?

Tasting RED : Eros (Completed)Where stories live. Discover now