' Masked People '

12.9K 969 31
                                    

#Zawgyi

နေ့ရက်များအား ရုန်းကန်ကာကျော်ဖြတ်ခဲ့၏ ။

မနေ့က ငိုသံတွေဒီနေ့မှာ တိုးလျလာမယ် ။
ဒီနေ့က ဒဏ်ရာတွေ မနက်ဖြန်မှာ လျော့ပါးလာမယ် ။
ယုံကြည်နေရင် ဖြစ်ပါတယ် . . . ။
နာကျင်လာရင် မျက်လုံးကိုမှိတ်ပြီး တိုးတိုးလေး ရွတ်ဆိုလိုက်တယ် . . .
နာမည်ကလေးတစ်ခုကိုလေ ။

အပူရှိန်တွေ ပိုမိုအားကောင်းလာတယ့် နွေရာသီလယ်ကိုရောက်လာခဲ့ပြီး ၊
May တို့လဲ အထက်တန်းပြီးတော့မည်။
May. ရဲ့ အခြေအနေကြောင့် သူရော May ပါနှစ်‌ဦးစလုံး ကျောင်းကို တစ်လတိတိနားထားဖြစ်ခဲ့သည်။
ဒါပေမယ့် ယနေ့ကတော့ ချွင်းချက်ဖြစ်သည် ။
ကျောင်းမှ May. အား ခေါ်စာပို့လိုက်သဖြင့် မဖြစ်မနေသွားဖို့ အခြေအနေရောက်ခဲ့၏ ။
. . ခေါ်ရသည့်အကြောင်းအရင်းကိုမူ ကြိုတင်ခန့်မှန်းထားပြီးပြီဖြစ်၍ စိတ်မပူနေတော့ ။

Killian : " ဘေ့ အဆင့်သင့်ပဲလား ? "

မှန်ရှေ့ဖီးလိမ်းနေသော May. အနား သူရောက်လာသည် ။
May လဲ ဘာမှပြန်မဖြေလိုက်ပဲ ခဏကဆိုးဖို့စိတ်ကူးမိသော cherry red နှုတ်ခမ်းနီဘူးလေးကို လက်ထဲမှပြန်ချလိုက်၏ ။
သူက မျက်မှောင်ကျုံ့သွားကာ မှန်မှတစ်ဆင့် May. မျက်နှာလေးကို အကဲခတ်သည် ။

Killian : " ဘာလို့ မဆိုးတာလဲ ? "

" ဟင့်အင်း "

ခေါင်းသာခါလိုက်မိတော့ သူ့ဆီမှပင့်သက်ရှည်တစ်ခုကို ကြားရသည် ။
ထို့နောက် နှုတ်ခမ်းနီဘူးကို ကောက်ယူကာ May ထိုင်နေသော ခုံကို သူ့ဖက်ဆွဲလှည့်သည် ။
သူ ဘာလုပ်ဖို့ ရည်ရွယ်လဲ သိတော့ May အမြန်ထပြေးဖို့ပြင်လိုက်သည် ။

သူက မလွှတ်ပေး ။
May. ပုခုံးလေးကို ပြန်ဖိချသည် ။

Killian : " ကျစ် ! မဆိုးနဲ့လေကွာ "

သူ့ကို နည်းနည်းအသားကျလာလို့လားမသိ May. ရဲ့ တုန့်ပြန်မှုက ပြန်လည် သိမ်မွေ့လာပြီဖြစ်သည် ။
အခြားလူတွေကိုတော့ မပြောတတ်ပေမယ့် ၊ သူနဲ့ဆိုလျင် May ကသာမန်ပင် ။
ဒါပေမယ့် နမ်းရှိုက်ခြင်းနှင့် အချစ်များဖလှယ်ခြင်းများကတော့ မဖြစ်နိုင်သေးပါ ။

Tasting RED : Eros (Completed)Where stories live. Discover now