' Downright Evil '

25.5K 1.7K 27
                                    

Unicode Version Below ⬇️

#Zawgyi

Lan : " အဲဒါနဲ့ ? "

သိချင်ဇောကြီးဖြင့် May့မျက်နှာနားတိုးလာကာ Lan ကမေးသည် ။

" အဲဒါနဲ့ အိပ်လိုက်တယ်လေ "

May မျက်နှာသေနဲ့ပြန်ဖြေလိုက်တော့ သူမမျက်လုံးပြူးသွား၏ ။

Lan : " ဘာ ? နင်အိပ်လိုက်တယ် ? နင် ဘာမှမဖြစ်သွားဘူးမလား ? သူက ငါသိတဲ့ King ဟုတ်ပါတယ်နော် "

May နဲ့သူ ဘာမှမဖြစ်သွားဘူးဆိုတာ Lan တစ်ယောက် အံ့ဩမဆုံးဖြစ်နေ၏ ။ သူက အဲဒီလောက်တောင် သောင်းကျန်းတဲ့ ပန်းစားဘီလူးလား ? ဒါပေမယ့် သူညက  May့ကို ထိတောင်မထိခဲ့တာအမှန်ပါ ။

Lan : " ဘုရား ဘုရား May ... နင် နည်းနည်းတော့ သတိရှိသင့်တယ် ။ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော
အရှေ့လေးအနောက်လေး ကြည့်ပါဦးဟာ "

Lan ကတကယ် စိတ်ပူသွားပုံရကာ
May့ကို သတိပေးရှာသည် ။ May သိတဲ့ Killian က Lan သိတဲ့ Killian နဲ့ဘယ်လောက်တောင်ကွာနေလို့လဲ ? May မြင်တဲ့ သူကအစစ်လား ၊ အတုလားတောင်မသိတော့ပေ ။

Lan တစ်ယောက်သာ May့ရဲ့မျက်နှာအစစ်ကို သိထားသူဖြစ်တဲ့အပြင် Killian နဲ့ဆက်ဆံရေးကိုလဲ တစ်စိတ်တစ်ပိုင်းမြင်ထားသူဖြစ်၍ အချို့ကိစ္စတွေကို သူမနှင့်သာတိုင်ပင်ရသည် ။ ထို့ကြောင့် May သန့်ရှင်းရေးတာဝန်ကျရာ မီဒီယာခန်းထဲအထိ Lan ကလိုက်ကာ အတိုင်ပင်ခံလုပ်နေတာဖြစ်သည် ။ 

" အင်းပါ ... ငါ သိတယ် ။ သူမလုပ်ပါဘူးလို့လဲပြောတယ် ... တကယ်လဲ ဘာမှမလုပ်ခဲ့ဘူး "

နောက်တော့ မပြောတတ်ပေမယ့် ... ။ 

Lan : " အင်း အဲဒါ အယုံသွင်းတာလို့
ခေါ်တယ် ။ နင် ယောကျာ်းတွေအကြောင်းမသိပါဘူး May ရာ ... King အကြောင်းဆိုပိုဆိုး သူက ... "

အားရပါးရပြောပြနေ‌တဲ့ Lan သည် ရုတ်တရက် May.ရဲ့အနောက်ဖက်သို့ မျက်လုံးဆုံချက်တွေပြောင်းသွားကာ တုံ့ခနဲစကားရပ်သွား၏ ။ May မှာ ဆက်သိချင်တာမို့ သံယောင်လိုက်ကာ ထပ်မေးလိုက်သည် ။

" သူက ... ? "

Killian : " ဘေ... ဘီ ... "

May့နားနားကပ်ပြီး ဆွဲဆွဲငင်ငင်ခေါ်‌ဝေါ်တဲ့ အသံရှရှကြောင့် Lan စကားဆက်မပြောနိုင်သည့် အကြောင်းအရင်းကို May သဘောပေါက်သွား၏ ။

Tasting RED : Eros (Completed)Where stories live. Discover now