'His Beautiful Possession'

12.9K 925 60
                                    

#Zawgyi

" ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်ချင်ရင် K University ကတော့ အသင့်လျော်ဆုံးလို့ပြောတယ်
ငါအဲဒီကိုပဲလျောက်မလို့ "

သူ့ဘေးနားထိုင်ရင်း မသေချာတဲ့ အနာဂတ်တွေကို ‌ဆွေးနွေးရတာ May ကြိုက်သည် ။
May က မိမိအိပ်မက်တွေအကြောင်း အားပါးတရပြောပြရင် သူကလဲ သူ့အိပ်မက်တွေကို‌ဖော်ပြလောက်မယ်ထင်ခဲ့သည် ။
ဒါပေမယ့် ထင်ထားသလိုဖြစ်မလာခဲ့ ။

Killian : " အင်း ကောင်းတာပေါ့ "

မပီပြင်တဲ့ အပြုံးနဲ့ သူ့အဖြေက ဒါပါပဲ။
သူ့မျက်လုံးထဲကနေ May အကြည့်တွေလွှဲလိုက်ကာ တက္ကသိုလ်လမ်းညွှန်မဂ္ဂဇင်းကို တစ်ဖန်ပြန်လည်လှန်လှောနေလိုက်၏ ။

K University ဆိုတာက သူနဲ့အဝေးမှာလေ . . . . .
ဒါကို သူဂရုမစိုက်ဘူးလား ?
May အဝေးမှာ ပညာသွားသင်တဲ့ အချိန်ကျရင် ဘယ်လောက်လွမ်းနေမလဲဆိုတာကို သူဂျီကျနေမယ်လို့ ကိုယ့်ဖာသာတွေးကာ သေချာနေခဲ့မိတာ ။
ဒါပေမယ့် သူ စိတ်ဝင်စားနေတာက
တီဗီဖန်သားပြင်ပေါ်က အညံ့စားပြက်လုံးတွေကိုတဲ့လား ?

မကြာခဏလာတဲ့ဖုန်းတွေနဲ့ မကြာခဏအနားကထထသွားတဲ့ သူ့အပြုအမူတွေက ရက်ဆက်လာခဲ့ပြီ ။
တစ်စုံတစ်ခုကို အမြဲတမ်းတွေးတောနေတဲ့ သူ့စိတ်တွေကို ဘယ်အရာတွေက လွှမ်းမိုးထားနေသလဲ ။
May တစ်ခုခုပြောရင် သူဟန်ဆောင်ပြုံးမယ် ၊ May အနားကခွာသွားရင် သူပင့်သက်‌ချမယ် ။
အဲဒီအမူအရာတွေကို ထပ်မမြင်ရဖို့ May. မျက်လုံးတွေကန်းသွားရင်ကောင်းမည် ။

တဖြေးဖြေးလျော့ကျလာတဲ့ အချစ်ဒီဂရီက သုံညနားကပ်နေပြီ ။
အကြောင်းအရင်းကို မစုံစမ်းမစစ်ဆေးချင်တာက လက်မခံနိုင်‌သေးလို့ပါ။
သူ့အနားမှာအမြဲပါနေတဲ့ ဖုန်းက‌လေးဆီက အသံတွေထွက်လာရင်
သေအောင်ကြောက်နေမိတာ ။
သူ့လိုပဲ ဘာမှမပြောပဲ အတူတူနှုတ်ဆိတ်နေလိုက်ရင်  အရင်ကချစ်သူအဖြစ်နဲ့ပြန်လာပေးမှာလား ?

" ငါ . . . သွားအိပ်တော့မယ် . .
နောက်ကျတဲ့အထိ မနေနဲ့ဦး "

May အသက်ရှင်နေတယ်ဆိုတာလေးတောင် အသိအမှတ်မပြုပေးတဲ့ သူ့မျက်ဝန်းတွေကို May မကြည့်တော့ပဲ ဆိုလိုက်သည် ။
အံကိုကြိတ်ထားလို့လားမသိပါဘူး အသံတွေက ထေ့ထေ့ငေါ့ငေါ့ ။

Tasting RED : Eros (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ