The way he Loves

27.2K 1.2K 58
                                    

#Zawgyi

ငိုကြွေးပြီးသော်
May မောပန်းသွားတော့သည် ။
ဤအချစ်ကြောင့် တစ်နေ့
သေဆုံးလိမ့်မည် ။

သူ့ကို ချစ်တာကြောင့်ဆိုတဲ့
အကြောင်းပြချက်တစ်ခုတည်းနှင့်
မိမိဖာသာရေးတားခဲ့သော စည်းကမ်း
စည်းမျဉ်းတွေကို အကုန်ဖောက်သည်။
တစ်ခါက အရှက်မဲ့သောလုပ်ရပ်တွေဟု ယူဆကာ ကဲ့ရဲ့ခဲ့ဖူးသော အမှုတွေကို ပြုသည် ။

ဒါပေမယ့် နောင်တတွေမရပေ ။
နောက်ပြန်လှည့်လို့ရရင်တောင် May
အဲဒီနက်ပြာလေးရဲ့ အလိုကိုလိုက်ပေးဦးမည် ။

ယခု သူ့ရင်ခွင်ထဲ၌ ငိုကြွေးနေခြင်းကလဲ မိမိအဖြစ်ကို ‌ရှက်လွန်းလို့သာ ။
May. ကို သူ လွယ်တဲ့ မိန်းမလို့အထင်ရောက်သွားခဲ့ရင်
ဘယ်လိုလုပ်မလဲ ?
သူ့ကို မေးမြန်းဖို့လဲ သတ္တိမရှိ ။

စိတ်ပူမိတော့ မျက်ရည်လေးတွေဖြင့်
သူ့မျက်နှာအားမော့ကြည့်မိသည် ။
သူ ထိုသို့ ထင်မြင်သွားမှာ ကြောက်သည် ။

သူ့ကို ငိုမဲ့မဲ့လေးမော့ကြည့်နေသည့်
May. ကို သူငုံ့ကြည့်လာသည် ။

Killian : "  အခန်းတံခါးကို
ကိုယ်သေချာပိတ်ခဲ့ပါတယ်
ဘေဘီက စိတ်ပူပြီး ဇွတ်ရှက်နေတော့
ကိုယ်မပြောပြချင်တာ "

ဘာ ?
May. ဒေါသတွေထောင်းခနဲ ။

ထိုစကားကိုပြောနေသော သူက
မှိုရသော မျက်နှာကြီးနှင့် ။

Killian : "ဟင်း !  fxxking Cute "

May ကရှက်လို့ ကြောက်လို့ တုန်တုန်ယင်ယင်လေးဖြစ်နေသော်
လည်းကောင်း ၊
ငိုနေသော်လည်းကောင်း သူသဘောအလွန်ကျသည့်ပုံပင် ။

May ဘာကြောင့် သူ့ကိုချစ်မိသည်လဲ
ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့‌
အောင်ပင် ။
ဤကောင်လေးသည် အကြီးစားနတ်ဆိုးတစ်ကောင်ဖြစ်သည် မဟုတ်ပါလား ။
သူ၏ ' ချစ်မြတ်နိုးသည် ' ဆိုသည်က
ချစ်သူကို အနိုင်ကျင့်မည် ဟုအဓိပ္ပါယ်ရသည် ထင်ပါသည် ။

" နင် . . . .  အာ့ "

May စိတ်တိုလာ၍ ရန်တွေ့မည်ပြင်သော် သူက ဆူနေသော May.
နှုတ်ခမ်းနီလေးကို ငုံ့ကိုက်ပြစ်သည် ။
အနမ်းတွေကြောင့် ပူစပ်နေသော May.
နှုတ်ခမ်းလေးတွေသည် ဒီအခေါက်တော့ အတော်လေးနာသွားလေသည်။
သူအကိုက်လွန်ပြီး ပေါက်ပြဲသွားမည်စိုး၍ သူ့ရင်ဖက်ကို May အားနဲ့တွန်း
ထုတ်လိုက်သည် ။

Tasting RED : Eros (Completed)Where stories live. Discover now