'Colorless Smile'

37K 2.9K 30
                                    

Check Unicode Version below ⬇️

#Zawgyi

May သည် မပျက်မကွက် နေ့တိုင်းကျောင်းသွားကျောင်းပြန် အိမ်နားကရပ်ကွက်ပန်းခြံကို ဖြတ်လျောက်သည် ။

ထိုပန်းခြံသည် အတော်အသင့်ကျယ်ဝန်းကာ နှစ်ရှည်သစ်ပင်ကြီးများ အုပ်ဆိုင်းနေ၍ မြို့ပြကြီး၏ အရှုပ်အထွေးများမှ ခဏတဖြုတ် လွတ်မြောက်ချင်သူတို့၏ စုစည်းရာဖြစ်နေလေသည်  ။ နံနက်ခင်းတွင် အားကစားလိုက်စားသူတို့နှင့် စည်ကားနေပြီး ညနေခင်းတွင် ခုံတန်းများ၌ တပူးပူးတတွဲတွဲကြည်နူးနေတတ်သည့် ချစ်သူစုံတွဲများ ရှိနေတတ်၏ ။

တစ်နေ့ May သည် ဖြူဖွေးစွတ်နေတဲ့ ကြောင်ပေါက်လေးတစ်ကောင်ကို ထိုပန်းခြံထဲ၌ အမှတ်တမဲ့ တွေ့ရှိခဲ့လေသည် ။

ကတ်ထူစက္ကူပုံးထဲထည့်ကာ ပန်းခြံထဲလာစွန့်ပစ်ခံထားရသော ကြောင်ပေါက်လေးခမျာမှာ ကျွေးသူမဲ့၊ မွေးသူမဲ့ ။ ကြောင်လေးက သေးငယ်လွန်း၍ ဘယ်သူမှမမြင်ကြတာလား ၊ ဒါမှမဟုတ် သာယာမှုတွေကိုပဲ ကြည့်ဖို့လာတာကြောင့် ဒုက္ခတရားများကို လစ်လျှူရှုကြတာလား မပြောတတ် ။

May မှာလဲ တိုက်ခန်းစည်းကမ်းနှင့်မို့ တိရစ္ဆာန်မွေးခွင့်မရှိ ။ ထို့ကြောင့် ကျောင်းသွားကျောင်းပြန် အစာသွားသွားကျွေးဖြစ်သည် ။

“ မီးမီး ကဆာနေတယ်ပေါ့လေ ... အော် မမသိတာပေါ့  “

ကြောင်လေးကို ချော့မြူရတာကို May ကလဲနှစ်သက်၏ ။

အလိုမရှိ၍ စွန့်ပစ်ခံရသောခံစားချက်ကို ကောင်းစွာသိသူဖြစ်၍ ဒီလိုလေးတွေကို မျက်ကွယ်မပြုနိုင် ။ May. မှာလဲတစ်ယောက်ယောက်သာ ရှိနေပေးခဲ့ရင် ဘဝမှာ‌ရှင်သန်နေရတာ နည်းနည်းလေးဖြစ်ဖြစ်သက်သာသွားလေမလား တွေးတောမိတဲ့ အချိန်တွေရှိခဲ့ဖူး၏ ။

တခါတလေ အလှပဆုံးအပြုံးတွေသည် အနက်ရှိုင်းဆုံး ဒဏ်ရာတွေကို ဖုံးကွယ်ထားတတ်သည် ။

အတန်းထဲထိုင်ရင်း လွတ်နေသည့်ခုံကို May လှည့်ကြည့်လိုက်သည် ။ ပျက်ကွက်သူက အားလုံးသိကြတဲ့အတိုင်း Killian King ပေါ့ ။

Tasting RED : Eros (Completed)Where stories live. Discover now