' How a Devil was born '

17.6K 996 50
                                    

#Zawgyi

အညိုရောင်ဆံနွယ်စင်းစင်းတွေကို ရိပ်ခနဲမြင်ပြီး သူ့ရှေ့ကနေပျောက်သွားသည် ။
စာအုပ်စဉ်တွေကြားထဲ ဖြတ်ပြေးသွားသောပုံရိပ်ငယ်၏ အနောက်သို့ သူပြေးလိုက်သည် ။
သူမက သူနဲ့ လိုက်တမ်းပြေးတမ်း ကစားလိုတာထင်ပါသည် ။

သူ့ နှုတ်ခမ်းပါးတွေ အပေါ်သို့ လှပသောလခြမ်းပမာ ကွေးညွှတ်သွား၏ ။
သူက လိုက်လျောပေးရမှာပေါ့ . . .

Killian : " ဘေ့ ဘာလို့ပြေးနေတာလဲ ? "

ညနေတိုင်း သန့်ရှင်းရေးဂျူတီကျနေသော ချစ်သူလေးကို စောင့်ကာအိမ်အတူတူပြန်ရသည်က သူ့ရဲ့ တာဝန် ။
ညနေမှောင်ရီပျိုးချိန်မို့ အလုံပိတ်ထားသည့် ကျောင်းစာကြည့်တိုက်ကြီးတစ်ခုလုံးက ‌အတော်အသင့်မည်းမှောင်လို့နေပြီ ။
စာကြည့်တိုက်ဖက်မှာ တွေ့လိုက်တယ်လို့ သူများကပြော၍ သူက လိုက်လာခြင်းဖြစ်သည် ။
ခုတော့ သူမက သူ့ဆီကနေ ပြေးနေလေရဲ့ ။

ခြေသံကြားရာဆီပြေးလိုက်ခဲ့တော့
စာအုပ်စဉ်တွေ၏ အနောက်ဆုံးနှင့် ချောင်အကျဆုံးနေရာသို့ ရောက်လာခဲ့၏။
သူ့ခြေလှမ်းတွေရပ်လိုက်တော့ သူမက သူ့ကို ကျောပေးထားလျက် ။

Killian : " ဘေ့ . . ? "

‌သံသယတို့ဖြင့် သူခေါ်လိုက်သည် ။
‌အမှောင်ရိပ်ထဲပေမယ့် အနီးကပ်ကြည့်တော့ ရင်းနှီး‌သောချစ်သူရဲ့ နောက်ကျောသဏ္ဌာန်နဲ့ ကွဲပြားနေသည် ။
သူမသည် ကျောင်း၌အမြဲတမ်း အကျီအပွကိုသာဝတ်ကာ ဆံပင်ကိုစည်းထားတတ်သည် ။
မနက်က ကျောင်းတူတူလာတုန်းကပင် ဆံပင်ကိုစည်းထားသေးသည် ။
ဒါပေမယ့် ယခု၌မူ သူမရဲ့ဆံနွယ်တွေက နောက်ကျော၌ဝေကျလျက် ။
ဒါ့အပြင် မနက်ကနဲ့မတူသော အဝတ်အစားနှင့် . . . ။
အတိအကျပြောရလျှင် ကျောင်းဝတ်စုံမဟုတ် ။

Killian : " မင်း ဘယ်သူလဲ "

သူ၏ အသံတွေက ခဏကလို နေရောင်ပမာနွေးသော သံစဉ်တွေမဟုတ်တော့ ။
ရုတ်ချည်း အေးစက်သော ဆောင်းလေကြမ်းတွေအဖြစ် စာကြည့်တိုက်ထဲ ပဲ့တင်သွား၏။ 

သူ၏ မေးခွန်းကို နောက်ကျောပေးထားသော အမျိုးသမီးသည် ပြန်လည်ဖြေကြားမှုမပြု ။
ဖြေးညှင်းစွာ သူ့အား‌လှည့်ကြည့်လာသည် ။

Tasting RED : Eros (Completed)Where stories live. Discover now