' Wound me, Heal me '

25.4K 1.7K 27
                                    

Check Unicode Version Below ⬇️

#Zawgyi

" သူကျောင်းလာပြီလား ? "

" အေး လာပြီတဲ့ ကျောင်းတက်တော့မှာတဲ့ "

" တကယ် ? ပျော်လိုက်တာ "

အဆောင်(၃)၏ကော်ရစ်တာ၌ ကောင်မလေးတွေဖြင့် ရုတ်ချည်းပြည့်နှက်သွားလေ၏ ။

ကျောင်းကိုဘယ်တော့မှ အချိန်မှန်မတက်သည့် Killian King ကျောင်းတက်တော့မယ်လို့ သတင်းတွေထွက်လာသည် ။ထို့ကြောင့် သူဖြတ်လျောက်မည့် ကော်ရစ်တာလျောက်လမ်းတစ်ခုလုံး ထိန်းမနိုင်သိမ်းမရ ကောင်မလေးတွေ အုံးအုံးးကြွကြွဖြစ်နေကြပြီ ။ အတန်းထဲက ခေါင်းပြူ သည့်သူကပြူ ၊ လျောက်လမ်းမှာရပ်စောင့်သည့်သူကစောင့်နှင့် မသိရင်ပဲ Celebrity လာသလိုလို ၊ သမ္မ္မတပဲကြွလာလိုလို ။ အပိုလုပ်လွန်းသည် ။ ဒါပေမယ့် May လဲ အခန်းဝကနေ ခေါင်းလေးပြူ
မိ၏ ။

" သူ့ကားရောက်နေပြီ ငါတွေ့ခဲ့တယ် ! "

ကော်ရစ်တာတစ်လျောက် ထိုအသံကြားပြီးနောက် ဆူညံပွက်လောရိုက်သွားတော့သည် ။

" စောင့်နေခဲ့ရတာ King ကို "

ဘေးနားကကောင်မလေး၏ တီးတိုးရေရွတ်မှုကိုကြားသော် May.ရင်ထဲလေးလံသွားရသည် ။ အဲဒီစကားက May. စကားပါ ။ လွမ်းရ၊ မျော်ရတာတောင်မှ မူပိုင်မရှိ မျှတလွမ်းရတဲ့အဖြစ်ကို ရောက်နေပါလား ။

May ကလောဘကြီးပါသည် ။ May တစ်ယောက်တည်းအပြည့်အဝ သူ့ကိုလွမ်းခွင့်ရချင်သည် ။ ထိုသို့တွေးတော့ ရင်က စူးခနဲအောင့်၏ ။

May လူအုပ်ကြီးကိုကျောခိုင်းကာ မိမိရဲ့ခုံမှာ ပြန်ထိုင်နေလိုက်သည် ။ May သူတို့နဲ့မတူချင်ပါ ။ ဒါကတော့ May.ရဲ့မာနဖြစ်သည် ။

ခဏကြာတော့ အသံတွေတိတ်သွားကာ
အတန်းထဲ သူဝင်လာတော့သည် ။ သူ့ကိုအာရုံမထားရန်ကြိုးစားပေမယ့် ပက်ပက်စက်စက် ကျရှုံး၏ ။ သူ့ခြေသံကလွဲလို့ ကျန်တာမကြားတော့တာမျိုး ... အရှေ့ကိုကြည့်နေပေမယ့် မျက်လုံးထောင့်မှအရိပ်အနက်လေးကိုသာ မြင်တာမျိုး ... May.အတွက် ဆေးမရှိတော့ဘူးထင်ပါသည် ။

သူ့ခုံမှာ သူထိုင်သွားတော့မှ May.ကျိန်စာပြေသလို... နှလုံးသားလေးလဲ ထိုအခါမှငြိမ်သွား၏ ။ ဒါတောင်မှ တောင်းဆိုနေသေးသည် ။ ' သူ့ကို ခဏလေးငေးကြည့်ချင်တယ် ' တဲ့‌ ။

Tasting RED : Eros (Completed)Where stories live. Discover now