The Safehouse

12.3K 1K 66
                                    

#Zawgyi

နံနက် ‌၄ နာရီခွဲ ၊ နွေနေ့လေးတစ်နေ့ ။
May. ရဲ့ လောကကြီး ဗြောင်းဆန်သွားတဲ့မနက်ခင်း ။ 

ချိနဲ့သော ခြေလှမ်းများနှင့် လှေကားထစ်တွေပေါ်တစ်ဆင့်ချင်းတက်လိုက်တိုင်း သွေးပြန်ကြောတွေခုန်ပေါက်လာ၏ ။
အသက်တွေရှူမရ ၊ မူးနောက်ထုံထိုင်းနေသည် ။
ခေါင်းကိုငုံ့ကာ တရွေ့ရွေ့သွားနေတဲ့ မိမိခြေထောက်တွေကိုသာ ကြည့်ရင်း ။
သူနဲ့ တဖြေးဖြေးနီးလာပြီ ။

Dawn : " May ? ဘာမှမဖြစ်ဘူး အားလုံးအဆင်ပြေသွားမယ်
စိတ်အေးအေးထား " 

May. ပုခုံးတစ်ဖက်ကိုညှင်သာစွာဆုပ်ရင်း ဘေးကလိုက်ပါလာသော Dawn က အားပေးစကားဆို၏ ။
May ခေါင်းကိုညိတ်လိုက်သည် ။

အဆင်ပြေသွားမှာ ဟုတ်တယ် . . .
ကိုယ့်ကိုယ်ကို လိမ်ရင်း ‌အားတင်းမိသည် ။
အခုအချိန်မှာ May ပျော့ညံ့နေလို့မဖြစ်ဘူး ။
သူ့အတွက်ပဲဖြစ်ဖြစ် မားမားမတ်မတ်ရပ်တည်ပေးရမယ် ။
သူဟာ ဘယ်လောက်ပဲဆိုးသွမ်းပါစေ ၊
လူတစ်ယောက်ကိုသတ်နိုင်တဲ့ အထိတော့
မဟုတ်သေးပါဘူး ။
လောကကြီးတစ်ခုလုံးမှာ ဘယ်သူတစ်ဦးတစ်ယောက်မှ သူ့ဖက်မှာရှိမနေတော့တောင်
May ကကျန်နေဦးမှာ ။
အရာရာကိုကျောပေးထားပြီး သူ့ကိုပဲဂရုတစိုက်ကြည့်နေဦးမှာ ။

Dawn : " လူကိုက တရားစီရင်ရေးအချုပ်ခန်းထဲမှာပဲ ထားထားတယ်ပြောတယ်
သံသယပဲရှိပြီး သက်သေမရှိသေးတဲ့အခြေအနေပေါ့
ဒါကြောင့် ဖမ်းထားတာက ယာယီပဲ "

ထိုစကားကိုကြားတော့ သက်သေမရှိပဲ
ဘာကြောင့်ဖမ်းခွင့်ရှိသလဲဆိုသော မေးခွန်းတစ်ခု May. ခေါင်းထဲပေါ်လာသည် ။
Dawn က May. စိတ်ထဲကိုဝင်ရောက်သိမြင်နိုင်သူပမာ ဆက်‌ပြောသည် ။

Dawn : " တရားဆွဲဆိုသူရှိလို့ဖမ်းတာပဲ ဒါပေမယ့် ၂၄ နာရီအတွင်း သက်သေမပြနိုင်ရင် ပြန်လွှတ်ပေးရမှာ
ကိုယ်တို့ဖက်ကလဲ အပြစ်ကင်းစင်ကြောင်း
အလီဘိုင်ပြရမယ်
မဟုတ်ရင် သံသယရှိသူထဲပါနေဦးမှာပဲ "

Dawn သည် May. လက်မောင်းကို‌ ဖေးမတွဲပြီး အချုပ်ခန်းတွေဖက်ဦးတည် လမ်းပြရင်း အဖြစ်အပျက်ကိုအပေါ်ယံမြင်သာအောင်ရှင်းပြဖို့ကြိုးစားသည် ။
ထိုသို့ရှင်းပြအပြီး မေးခွန်းတွေထပ်မံတိုးပွားလာ‌ပုံရသော May. မျက်နှာအမူအရာကိုမြင်တော့ Dawn လဲ ဆက်မပြောပဲ ပင့်သက်ရှိုက်ကာ ပြန်လည်နှုတ်ပိတ်နေတော့သည် ။

Tasting RED : Eros (Completed)Where stories live. Discover now