' Simple Courage '

11.1K 753 80
                                    

#Zawgyi

" အဲဒီတော့ ပြောချင်တာက နင်ဒီနေ့လဲ ပြန်မလာဘူးပေါ့ ? "

Killian : " ဟုတ်တယ် ကိုယ်. . . . . "

သူ ဆက်မပြောလာတော့ပဲ ပင့်သက်ပဲချသည် ။
ခုနေ ဖုန်းတစ်ဖက်က သူ့ရဲ့မျက်နှာအမူအရာကို May ပုံဖော်ကြည့်မိသည် ။
သေချာပေါက် မျက်မှောင်တွေကုပ်နေမည် ။
ဆံနက်ပျော့ပျော့လေးတွေကိုတောင် စိတ်ရှုပ်စွာ ဖွနေချင်ဖွနေဦးမည် ။
ဆင်ခြေတွေရှာနေတဲ့ သူ့အမူအရာပေါ့ ။
May ပြေးကြည့်ဖို့မလိုပါဘူး ။

ဖုန်းကိုကျစ်ကျစ်ဆုပ်ကာ နားမှာကပ်ထားရင်း ပြတင်းပေါက်မှနေ၍ ညအမှောင်ထဲက နေကြာခင်းကြီးကို ငေးနေလိုက်သည် ။
သူ့ကို အကြောင်းပြချက်တွေရှာဖို့ အချိန်အပြည့်အဝပေးခြင်းဖြစ်သည် ။
လေပြေတွေကြောင့် ယိမ်းယိုင်နေသော နေကြာပန်းပွင့်တွေလို လှုပ်ခါနေတဲ့ May. နှလုံးသားကို အေးချမ်းစေဖို့ သူဆင်ခြေတွေပေးလှည့်ပါ ။
လိမ်ညာနေလဲရပါသည် ။

ဘေကျင်းက May. ရဲ့ အိမ်ကို May. ကိုပြန်ပို့ပေးပြီးကတည်းက သူပေါ်မလာတော့တာ သုံးရက်ပြည့်ခဲ့ပြီ ။
နေကြာပန်း‌များကြားက May. အိမ်ကိုကြိုက်လှ‌ချေရဲ့ဆိုပြီး May နဲ့အတူ ကပ်ပါးကောင်လေးလို လိုက်ပါလာတာလဲသူပဲ ။
ဒီနေရာလောက် ဘယ်နေရာမှ သူ့ကိုအိမ်လိုမနွေးထွေးစေဘူးလို့ ပြုံးတုံ့တုံ့ပြောတတ်တာလဲသူပဲ ။
May က လက်ထပ်ခွင့်ကို လက်မခံတာတစ်ခုအတွက်နဲ့ ဤအရိပ်အမြုံ‌လေးကို သူရှောင်ပြေးစရာလိုသလား ?
ဒါမှမဟုတ် ဒီအိမ်ကိုရှောင်တာမဟုတ်ပဲ May. ကိုရှောင်တာလဲဖြစ်နေနိုင်သည် ။

သည်လိုတွေးကြည့်တော့ ရင်နာရသည် ။

" ထားပါတော့ "

အသံတိတ်သွားတဲ့သူ့ကို May ခပ်မာမာပြောလိုက်သည် ။
သူ့ဖက်က ဆင်ခြေတွေလဲကုန်ပြီထင်ပါသည် ။
May ကပဲ နားလည်ပေးရမှာပေါ့ ။

Killian : " ဘာကိုထားရမှာလဲ ?
ကိုယ်ကောင်းကောင်းသိတယ်
အခု မင်းဘာတွေတွေးနေသလဲဆိုတာ
ကိုယ်အခု မင်းကိုတွေ့နိုင်တဲ့အခြေအနေမဟုတ်ဘူး နားလည်လား သံသယတွေအရင်မဝင်ပဲ အရင်နားထောင် ကျစ် !!! "

သူ့အသံက တဖြေးဖြေးကျယ်လောင်လာကာ ဒေါနဲ့မောနဲ့ဆိုလေ၏ ။
May သည်လဲ ဒေါသဖြစ်ရပါသည် ။

Tasting RED : Eros (Completed)Where stories live. Discover now