သူ ့ပိုင္နက္ထဲ / သူ့ပိုင်နက်ထဲ

28.1K 1.7K 28
                                    

Check Unicode Version Below ⬇️

#Zawgyi

ခြံရှေ့သို့ ကားခေါင်းတေ့လိုက်သည်နှင့် တပြိုင်နက် အနက်ရောင်သံပန်းတံခါးကြီးအော်တိုပွင့်သွားလေသည် ။ ကားမောင်းဝင်ရန်ခင်ထားသော ကတ္တယာလမ်း၏ဘေးမှ မြက်ခင်းစိမ်းစိမ်းတွေက ညီညီညာညာ ဖြတ်တောက်ထားသည် ။ အိမ်ရှေ့ အဝင်အဝတည့်တည့်၌ ယခင်အခါလာစဉ်က မတွေ့ဖူးသေးသည့် ထူးထူးဆန်းဆန်းသဏ္ဌာန် ရုပ်ထုကြီးတစ်ခုတည်ရှိနေကာ မော်ဒန် art လိုလိုဘာလိုလို တိုက်ဖြူကြီးနှင့် အတော်မှလိုက်ဖက်လေသည် ။

သူက အိမ်ဝ၌ကားထိုးပြီး May. ဖက်လှည့်ကာ ' ဆင်းတော့ ' ဆိုသည့် အဓိပ္ပါယ်ဖြင့်ကြည့်‌တော့ May လဲ အမြန်ဆင်းလိုက်၏ ။ May ကားအပြင်ကိုရောက်တာနဲ့ ကားဂိုဒေါင်ရှိသော အိမ်ဘေးဖက်သို့မောင်းထွက်သွားသည် ။ May ကတော့ လွယ်အိတ်လေးပိုက်ကာ တိုက်ဖြူကြီးကို တအံ့တသြငေးနေမိ၏ ။

အိမ်ကြီးသည် နှစ်ထပ်တိုက်ဖြစ်ပုံရကာ ခြံဝန်းကလဲ အတော်ကျယ်သည် ။အိမ်၏အရှေ့ ညာဖက်ထောင့်တွင်
ရေကူးကန်ပြာပြာကြီးတစ်ခုရှိကာ လူငယ်ဆန်ဆန် ဘဲဥပုံဒီဇိုင်းဖြစ်သည် ။ May သူ့အိမ်ကို ပထမဆုံးရောက်ဖူးစဉ်က ညဖက်ကြီးဖြစ်တဲ့အပြင် ပါတီပွဲကြောင့် မီးတွေ မှိန်ထား၍ သေချာမကြည့်လိုက်ရ ... ယခု ထင်းထင်းရှင်းရှင်းတွေ့ရတော့မှ အိမ်ကြီးက အတော်လှပေသည် ။

May လှည့်ပတ်ငေးမောနေလိုက်တာ တအောင့်ကြာတော့ အိမ်ရှေ့တံခါးပွင့်သွားကာ သူထွက်လာသည် ။ ကားဂိုဒေါင်ထဲဝင်သွားတဲ့လူက အိမ်ထဲမှပြန်ထွက်လာတာမို့ ကားဂိုဒေါင်နှင့်အိမ်ကို ဆက်ပြီးဆောက်လုပ်ထားတာဖြစ်နိုင်ချေရှိသည် ။

Killian :" ဝင်ခဲ့ "

လက်ကိုသူလာဆွဲတော့ May ပြန်ရုန်းလိုက်သည် ။ အိမ်ထဲမှာ သူနဲ့နှစ်ယောက်တည်းဖြစ်နေတော့မှာပါလား ... ? ထိုအတွေးကို ယခုမှ May ကြောက်လာ၏ ။မိမိအခန်းထဲ သူ့ကို ဝင်ခွင့်ပြုခဲ့စဉ်ကလဲ
နှစ်ယောက်တည်းပေမယ့် ကိုယ့်ပိုင်နက်မို့တမျိုး စိတ်အေးရသော်လည်း အခုအခြေအနေက သူ့ပိုင်နက်ထဲမှာလေ ။

သူဟာ မိန်းမကျမ်းကို ထုံးလိုချေပြီး
ရေလိုနှောက်ထားသလို တတ်ကျွမ်းတဲ့သူ ပါ ။ May.ကိုလဲ ယခု သူ့ထောင်ခြောက်ထဲ ဆွဲသွင်းနေတာပါဆိုရင် May ဘယ်လိုလုပ်မလဲ ?

Tasting RED : Eros (Completed)Where stories live. Discover now