' Wounded to Death '

13.7K 982 12
                                    

#Zawgyi

Midnight Blue စံအိမ်ကြီးသည်
အမည်နာမနှင့်လိုက်ဖက်စွာ စိတ်ကူးယဉ်ဆန်၏။ 
ပထမဆုံးရောက်ဖူးစဉ်ကတည်းက May သဘောကျခဲ့သည် ။
ထည်ဝါလွန်းသော်လည်း
ရှိန်သွားစေခြင်းမရှိ ။
ဆန်းပြားစွာ သန်းကောင်ယံနက်ပြာရောင်တွေဖြင့်ဆေးချယ်ထားလို့လားတော့မသိ ။
ချစ်သူ၏ မျက်ဝန်းတွေလို ဆွဲ‌ဆောင်မှုရှိသည် ။

" ဒုသခင်လေးကို နှုတ်ဆက်ပါတယ် !!!"

အိမ်တော်ကြီး၏ အဝင်အဝ‌သို့ရောက်သော် May နှင့် သူ့ အရှေ့ဝတ်စုံ နက်တွေဖြင့် လူအုပ်ကြီးရောက်လာကာ ကျယ်လောင်စွာနှုတ်ဆက်ကြလေသည်။ 

ခုဏက မှတ်ချက်တွေကို ပြန်ရုပ်သိမ်းသည် ။
Midnight Blue သည် စိတ်ကူးယဉ်ဆန်သော အိမ်ကြီးမဟုတ် ။
ကမ္ဘာ့အကြီးမားဆုံး မာဖီးယားဂုဏ်းတစ်ခု၏ အခြေစိုက်ဖြစ်သည် ။

Killian : " Fxxk ! Don't scare her ! "

May လန့်သွားသည်ကို သိ၍ သူက
ထိုလူတွေကို ထဆဲတော့သည်။ 
ထိုလူကြီးတွေကတော့ ပြုံးစိစိနှင့် May. ကို အကဲခတ်နေကြသည်။ 
ထို့နောက် . .  

" ဒုသခင်မလေးကို နှုတ်ဆက်ပါတယ် !!"

May. အနားတိုးလာကြကာ အလုအယက်နှုတ်ဆက်ကြပြန်သည် ။
May. မှာ မာဖီးယားအုပ်ကြီး၏ အလယ်၌ ပိတ်မိလျက် ။

" Ki. . Killian . . ? "

အဝိုင်းခံထားရ၍ ကြောက်လန့်နေသော May. မှာ သူ့ကို အားကိုးတကြီးခေါ်မိ၏။ 

နတ်ဆိုးအကြီးစားကိုချစ်သူတော်ထားရသော်လည်း သူက ချောမောလှပတဲ့‌
‌‌ကောင်လေးလေ ။
အခု လူကြီးတွေက လူဆိုးကိုမှ
တကယ့်ကြောက်စရာရုပ်ကြီးတွေနဲ့။

Killian : "  . . . မင်းပြန်မနှုတ်မဆက်မချင်း သူတို့လက်လျော့မှာ မဟုတ်ဘူး "

သူက ဝင်မကူသည့်အပြင် လက်ပိုက်ကာ May ဘာလုပ်မလဲစောင့်ကြည့်‌နေပုံ ။   
မျက်စိရှေ့က မာဖီးယားကြီးတွေကိုပြန်ကြည့်လိုက်တော့ May. အား မျော်လင့်တကြီးကြည့်နေကြသည် ။

သူတို့တွေဟာ May. ကို အန္တရာယ်ပေးမယ့်သူတွေ မဟုတ်။ 

May လဲ လက်ကလေးတွေကို အားတင်းဖိဆုပ်ထားရင်း အသံကုန်အော်လိုက်၏ ။

Tasting RED : Eros (Completed)Onde histórias criam vida. Descubra agora