Lost in Dark Blues

167K 3.1K 87
                                    

{ Check Unicode Ver. Below ⬇️ }


#Zawgyi

ယခု May တစ်ချက်လှုပ်လိုက်လျင်နောက်ဆက်တွဲ ဘာတွေဖြစ်ပျက်သွားမည်လဲတွေးကြည့်ဖို့ပင်ကြောက်သည် ။
တစ်ချက်မှားလျင် အရှက်တကွဲအကျိုးနည်းဖြစ်တော့မည်မှာ မုချပင် ။

' The Fundamentals of Decisions Making 'ဆိုသောစာအုပ်ကို လွန်ခဲ့သည့်တစ်လလောက်က May သေချာဖတ်ခဲ့သည် ။ ထိုစာအုပ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချရန် စီစစ်ရမည့်အဆင့်တွေကို အသေးစိတ်ချပြထား၏။ စာထဲတွင်တော့ ရိုးရှင်းပါလျက် လက်တွေ့တွင်တော့ ခက်ခဲလှပေသည် ။

မျက်စိရှေ့က ကာမမွှန်နေသောစုံတွဲ၏ပျော်ရွှင်စရာအခိုက်တန့်ကို မျက်မှန်တကားကားနှင့် ပုံမကျပန်းမကျ စာကျမ်းပိုးလေး May ဖျက်စီးပြစ်ဖို့မလိုလားပေ ။ ထိုချစ်သူနှစ်ယောက်အတွက်လဲ နောက်လာမည့်အနာဂတ်တွင် ဤအခိုက်တန့်ကို ပြန်တွေးမိတိုင်း ပုံဆိုးပန်းဆိုးကောင်မလေးတစ်ယောက်က ဝင်နှောင့်သွားသည်လို့မမှတ်မိနေစေချင် ။

ဒါပေမယ့် စဉ်းစားကြည့်ကြပါ ။ ဤနေရာသည် Royal High ၏ စာကြည့်တိုက်ဖြစ်သည် ။ အထွတ်အမြတ်ထားရာ စာပေနိဗ္ဗာန်ဘုံဖြစ်သည်။ အနည်းဆုံးတော့ May. အတွက်တော့ အထွတ်အမြတ်ထားရာဖြစ်သည် ။ထို့ကြောင့် တော်သလင်းခွေးတစ်စုလို အပြုအမူမျိုးကို ဤနေရာတွင်တော့ခွင့်မပြုနိုင်။

ထိုစာအုပ်တွင် စာရေးဆရာ Alan Mallory ပြောထားသည့် ပတ်ဝန်းကျင်၊ အချိန်အခါနှင့် ဖြစ်နိုင်ခြေတွေကို စီစစ်ရန်အချက်အား ချောင်ထိုးကာ May ဆိုသည့် စာကြမ်းပိုးလေးသည် သူမ၏ ဘဝတွင် အကြီးမားဆုံးသောအမှားကို လုပ်ခဲ့လေတော့သည် ။

စာအုပ်စဉ်အမြင့်မှ စာအုပ်တွေကို တက်ယူနိုင်ရန် စာအုပ်စဉ်တွေကြား ထားထားပေးသောခုံတွင် ကျောင်းသားတစ်ယောက်ထိုင်နေကာ၊ ထိုကျောင်းသား၏ ပေါင်ကြားထဲ အမျိုးသမီးတစ်ဦးက ခေါင်းဝင်နေသည်။ ဘာလုပ်နေကြလဲ ‌ခက်ခက်ခဲခဲတွေးကြည့်စရာတောင်မလို ၊ အရှေ့အကျီကြယ်သီးအကုန်ဖြုတ်ထားကာ အသက်ပြင်းပြင်းရှူနေသည့် ထိုကျောင်းသား၏ပုံစံအရ May ထင်နေတာမလွဲနိုင်။

Tasting RED : Eros (Completed)Waar verhalen tot leven komen. Ontdek het nu