အခန်း ၂၀၁ - ထွန်း​တောက်​ဒေါ်လာစစ်သည်

358 43 0
                                    

အခန်း ၂၀၁ - ထွန်း​တောက်​ဒေါ်လာစစ်သည်

ချန်ဟုန်ဖုန်း ထိုသို့​ပြောလိုက်သည်နှင့် သွား​ချော​မွှတ်ဆင်ဖွတ်သည် တ​စ်​ခေါက်သာသုံး၍ရ​သော သူ၏သီးသန့်စွမ်းရည် ​သွေး​လောင်ကျွမ်းတိုက်ကွက်ကိုသုံးလိုက်ရာ ​​သေအံ့ဆဲဆဲဖြစ်သွား​တော့သည်။ ထိုအခိုက် ချန်ဟုန်ဖုန်း၏ တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ ကြည့်ရှုသူများသည် တိုက်ပွဲကိုကြည့်ရင်း အသက်ပင်​အောင့်ထားမိသွားသည်။

အနက်သည် ခရမ်းပြာလျှပ်တပြတ်လိပ်ပြာကို ဆင့်​ခေါ်လိုက်​သောအခါက စကရင်​ပေါ်တွင် မှတ်ချက်များပြည့်လာပြီး ဗီဒီယိုအားဖုံးသွားသည်။ ထို့​နောက် အနက်သည် ခရမ်းပြာလျှပ်တပြတ်လိပ်ပြာအား ​ရွှေ ၆/ပြီးပြည့်စုံ ဧရာမရွှံ့မြီးဖွတ်၏စွမ်းရည်အား ချိပ်ပိတ်ရန်​စေခိုင်းလိုက်သည်။

သူ၏အမိန့်​ကို ရို​ရို​သေ​သေနာခံလုပ်​တောင်​​သော သူနှင့်ခရမ်းပြာလျှပ်တပြတ်လိပ်ပြာကြားရှိ လက်ဖျားခါ​လောက်သည်အထိ ညီညွတ်​သောပူး​ပေါင်းမှုအား သူတို့မျက်မြင်​တွေ့လိုက်ရပြီး ကြည့်နူးဖွယ်​ဇာတ်ကားတစ်ကားကို ကြည့်​​နေရသလိုခံစားလိုက်ရသည်။ ရလဒ်အ​နေဖြင့် ဤလှပ​​​သောမြင်ကွင်းအား မှတ်ချက်​ရေးပြီး မပျက်စီး​စေချင်​ပေ။

ချန်ဟုန်ဖုန်း၏တိုက်ရိုက်ထုတ်လွှင့်ခန်းတွင် ပင်တိုင်​ဆောင်းပါးရှင်ထျန်နင်းနင်းအပါအဝင် လူများပြွတ်သိပ်လာသည်။ အနက်သည် အဆင့်တက်တိုက်ပွဲအား တိုက်ခိုက်​နေ​ပြီး သူ၏ပြိုင်ဘက်သည် တိုက်ရိုက်ထုတ်လွှင့်​နေ​ကြောင်းသူမကြားခဲ့သည်။ သူမသည် လုပ်လက်စအလုပ်များအားလုံးကို ပစ်ချကာ ချန်ဟုန်ဖုန်း၏တိုက်ရိုက်ထုတ်လွှင့်ခန်းအတွင်းသို့ ဝင်လာ​ောတ့သည်။ အနက်နှင့်ချန်ဟုန်ဖုန်း၏တိုက်ပွဲကို ​တွေ့လိုက်​သောအခါ သူမ၏ဆုံးဖြတ်ချက်မှာ ပို၍ပင်ခိုင်မာလာ​တော့သည်။

ထျန်နင်းနင်းသည် အမြဲတ​စေ အနက်မှာ ​ကျော်ကြား​နေ​ပြီးသတင်းဝင်​နေမည့်အ​ပေါ်အ​လောင်းအစားလုပ်သည်ဟု ဆိုရမည့်အစား ကြယ်ကွန်ယက်၏ပင်တိုင်​ဆောင်းပါးရှင်တစ်ဦးအ​နေဖြင့် သူမသည်စာတတ်​ပေတတ်တစ်​ယောက်ဖြစ်သည်။ စာတတ်​ပေတတ်တစ်​ယောက်သည် အမြဲတ​စေ မာန​ရေး​ရေးမျှရှိ​နေတတ်သည်၊ သို့ဖြစ်ရာ ထျန်နင်းနင်းသည် သူမစိတ်ဝင်စား​သောအရာများအ​ကြောင်းကိုသာ ​​ဆောင်းပါး​ရေးချင်ပြီး သူမအလိုရှိ​သောသူကိုသာ အင်တာဗျူးချင်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now