အခန်း ၂၅၄ - ဒီကမ္ဘာ​ပေါ်က ဘယ်အရာကမှ မင်းကိုမထိ​စေရဘူး

327 41 0
                                    

အခန်း ၂၅၄ - ဒီကမ္ဘာ​ပေါ်က ဘယ်အရာကမှ မင်းကိုမထိ​စေရဘူး

လင်းယွမ် လယိမ်း​တောင်ဆီ​ရောက်​သောအခါ ဝိညာဉ်သားရဲတချို့ အဆင့်မြင့်ပြီး​နောက် ​သေဆုံးသွားသည်အကိုင်းအခတ်တချို့ကို သန့်ရှင်း​ရေးလုပ်​နေ​သော အဝါ​​ဖျော့​ရောင် ဝိညာဉ်အ​ခြွေအရံဝတ်စုံကို ဝတ်ထားသည့် ကျင်းချီကို ​တွေ့လိုက်ရသည်။

ကျင်းချီက လင်းယွမ်ကိုမြင်သည့်အခါ  ​ခေါင်းကိုမြန်မြန် ငုံ့၍ သူ့ကိုနှုတ်ဆက်လာသည်။ "သခင်လင်းယွမ်ကို နှုတ်ဆက်ပါတယ်။"

ထို့​နောက် လယိမ်း​​တောင်၏ တချို့​​ဂရုစိုက်ရမည့်​နေရာများကို အ​လောတကြီးသွား​တော့သည်။

ကျင်းချီသည့် ဘာ​ကြောင့်မှန်းမသိ​သော်လည်း သူ့အ​ပေါ်ယခင်ကကဲ့သို့ အ​တွေးများမရှိ​တော့​ပေ။ သူမတွင် ​​ကြောက်ရွံ့မှုနှင့် စိုးထိတ်မှုတစ်မျိုးရှိ​နေသည်။

ဝမ်ယွီကို လက်​ထောက်အဖြစ်​ရွေးချယ်ပြီးကတည်းက ကျင်းချီသည် အမြဲတ​စေ​ကြောက်ရွံ့စွာ​နေခဲ့ရသည်၊ သူမကိုဝမ်ယွီပြဿနာလာရှာမည်ကို ​ကြောက်ရွံ့သည့်အတွက်​ကြောင့်ပင်။ လင်းယွမ်က သူမကို ဝမ်ယွီအတွက်ကူညီ​ဖြေရှင်းမည်ကိုလည်း ​ကြောက်သည်။

ယခုတွင် ဝမ်ယွီ၌ သူမ၏ဝိညာဉ်အ​ခြွေအရံအဆင့်အတန်းကို စကားလုံး​လေးများဖြင့်သာ ဖျက်ဆီးပစ်နိုင်စွမ်းကို ကျင်းချီသိသည်၊ လင်းယွမ်ကိုသာဆို ​ပြောစရာပင် မလို​တော့​​ပေ။

လ​ရောင်ဖြာနန်း​တော်ဆီသွား​နေ​သော လင်းယွမ်က​တော့ သူမ၏အ​တွေးများကိုမသိ​ပေ။ လူတစ်​ယောက်သည် စိတ်ထင်မှတ်မှား​​ရောဂါရ​နေလျှင် ​သေချာ​ပေါက် လျင်လျင်မြန်မြန်ကုသ​ရေးခံယူသင့်သည်ပင်။ လူတစ်​ယောက်သ်ည မည်သည့်အမှားမှ မလုပ်ထားလျှင် စိတ်ထင်မှတ်မှား​ရောဂါရစရာအ​ကြောင်းကို မရှိ​ပေ။

လ​ရောင်ဖြာနန်း​တော်၏အဝင်ဝကို​ရောက်​​သောအခါ သူ၏ဆရာသခင်သည် ခရမ်း​ဖျော့​ရောင်ဝိညာဉ်အရည်များပါသည့် မြစိမ်း​ရောင်ပုလင်းတစ်ခုကို ကိုင်ထားသည်ကို ​တွေ့လိုက်ရသည်။ သူမ၏လက်​ကောက်ဝတ်မှာ လှုပ်ရှားသွားပြီး ခရမ်း​ဖျော့​ရောင် ဝိညာဉ်အရည်များက ပြင်းပြင်းထန်ထန် လှုပ်ရှားလာသည်။ သူ၏​ရှေ့​တွင် ​ခမ်းနားကြီးကျယ်သည့်အသက်စွမ်းအင်ရှိသည့် ရှေး​ဟောင်းသစ်ပင်ကြီးများ ​ကောင်းကင်ပေါ်သို့ထိုးတက်​နေသကဲ့သို့ခံစား​နေရသည်၊ ယင်းသည် အပြာရင့်​ရောင်​ကောင်းကင်ကြီးအား ​ထောက်ကန်ထားနိုင်သကဲ့သို့ ခံစား​နေရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now