အခန်း ၂၆၀ - ထူးခြား​သော မီး​တောက်များ

329 42 0
                                    

အခန်း ၂၆၀ - ထူးခြား​သော မီး​တောက်များ

မိခင်​သွေးချိုးကန်သည် ​ကောင်းကင်နဲ့​မြေကြီး၏ သန့်စင်မှုကို​တွေ့ကြုံရပြီး နယ်​မြေရှင်/ဒဏ္ဍာရီ ၁ မှ ၂ အဖြစ် အဆင့်တက်ခဲ့​သော အခါက လင်းယွမ်၏ခွန်အားကို သိရှိခဲ့ရသည်။

ယခင်တုန်းက သန့်စင်မှုကိုကြုံ့​နေရသည့်အချိန် များများစားစား​​တွေး​တောဖို့ အချိန်မရှိခဲ့​ပေ။ သို့​သော် ​အနည်းငယ်မျှ ချင့်ချိန်ပြီးသည့်​နောက် လင်းယွမ်၏ခွန်အားက သူမကို​ရှော့ခ်ရသွား​​စေသည်။

မိခင်​​သွေးချိုးကန်၏အမြင်တွင် လင်းယွမ်က လဧကရီ၏တပည့်ဖြစ်လျှင်ပင် ထိုမျှငယ်ငယ်ရွယ်ရွယ်ဖြင့် ဤသို့​သောခွန်အားမျိုးပိုင်ဆိုင်ထားသည်မှာ အလွန်အမင်း​​ရှော့ခ်ရစရာ​ကောင်း​လေသည်။

ယင်းမှာ မိခင်​သွေးချိုးကန်သည် လင်းယွမ်ကိုအ​ဆင့် ၃ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း၌ ​လေ့ကျင့်ရန် အကြံပြုရသည့်အ​ကြောင်းရင်းဖြစ်သည်။

​ရွှေ​​တောင်ပံကျယ်ပြာမှုန့်​ရောင်သစ်ပျံလွှား၏ ​ကျောထက် ထို​နေရင်း လင်းယွမ်သည် ​မနက်ပိုင်း ဆောင်း​နှောင်း​လေညင်းကို ကြိုဆိုလျက် မျက်လုံးမှိတ်အနားယူလိုက်သည်။

​ရွှေ​တောင်ပံကျယ်ပြာ​မှုန့်​ရောင်သစ်ပျံလွှားသည် ​တော်ဝင်မြို့​​တော်၌ ​အော်ဒါတင်နိုင်သည့် ​​ရွှေပျံသန်းဝိညာဉ်သားရဲများအကြား အမြန်နှုန်း၌ အလွယ်တကူ ထိပ်ဆုံးသုံး​နေရာကို ​ရောက်နိုင်သည်။ အရှိန်သည် ပလက်တီနမ်အံ့ဖွယ်ခရီးသွားပျံလွှားကို မယှဥ်နိုင်​သော်လည်း ပို၍သက်​တောင့်သက်သာရှိ​စေကာ လျင်မြန်​ပါ​သေးသည်။ အနည်းဆုံး​​တော့ လင်းယွမ် ​​တောင်ပံကျယ်ပြာမှုန့်​ရောင်သစ်ပျံလွှား​ပေါ်၌ ထိုင်​နေစဥ် သူ၏တင်ပါးမနာကျင်မှုကို မခံစားရပါ​​ပေ။

ထိန်းချုပ်ထားသည့် အဆင့် ၃ အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​​ကြောင်းသည် ​တော်ဝင်မြို့​တော်နဲ့ သိပ်မ​ဝေး​ပေ။ ​​တောင်ပံကျယ်ပြာမှုန့်​ရောင်သစ်ပျံလွှားသည် ​ဦးတည်ရာကိုမ​ရောက်မီ နှစ်နာရီမှသုံးနာရီထိ ပျံသန်းလိုက်ရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now