အခန်း ၂၁၂ - လှိုင်းလှံရှည်သတ်ဖြတ်သူ​ဝေလငါး

328 40 1
                                    

အခန်း ၂၁၂ - လှိုင်းလှံရှည်သတ်ဖြတ်သူ​ဝေလငါး

အဆိပ်ဝိညာဉ်သားရဲများ ပလက်တီနမ်သို့​ရောက်ပါက အကြီးမားဆုံးပြဿနာမှာ သူတို့၏အဆိပ်ပြင်းအစွယ်များနှင့် ပစ်မှတ်အား မည်သို့ကိုက်​ကာ ​အ​ပေါ်ယံအလွှာကို ထိုး​ဖောက်ရမည်လဲပင်။

အကယ်၍အဆိပ်ပြင်းအစွယ်များသည် ပစ်မှတ်၏ခံစစ်ကိုမထိုး​ဖောက်နိုင်ခဲ့​သော် တိုက်ပွဲအတွင်း၌ အဆိပ်ဝိညာဉ်သားရဲသည် မည်သည့်အားသာချက်မှ ရှိမည်မဟုတ်​တော့​​ပေ။

စစချင်းတွင် အဆိပ်ဝိညာဉ်သားရဲများသည် အလွန်အမင်းစွမ်းအားကြီး​သော်လည်း ​ရွှေအဆင့်သို့​ရောက်သည်နှင့် အားနည်းလာသည်။ ဤအ​ခြေအ​မေသည် ​သေချာ​ပေါက် မလွဲမ​သွေ​တော့မဟုတ်​ချေ။ တချို့အဖိုးတန်အဆိပ်ဝိညာဉ်သားရဲအများအပြားသည် ပလက်တီနမ်ကိုပင်​ရောက်နိုင်ပြီး ရန်သူများကိုသတ်ဖြတ်နိုင်ဆဲပင်။

တချို့မှာ ချပ်ဝတ်ဖြိုခွဲအဆိပ်ပြင်းအစွယ် သီးသန့်ကျွမ်းကျင်မှုကိုပင် နားလည်သွားတတ်သည်။ သို့​သော် ဤမြူနှင်းဖုံးဝှက်မမ်ဗာ​မြွေမှာ ချွင်းချက်ပင်။

​အပိတ်​​ဈေးမှာ လင်းယွမ်၏ ​မျှော်မှန်းချက်ကို ​ကျော်လွန်​နေသည်။ ထိုပလက်တီနမ် ၁၀/​မော်ကွန်းတင် မြူခိုးဖုံးဝှက်မမ်ဗာသည် စင်စစ် ထွန်း​တောက်​​ဒေါ်လာ ၉,၀၀၀,၀၀၀ နှင့်​ရောင်းချခံခဲ့ရသည်။

ယင်းကိုကြည့်၍ ဝမ်ယွီကဆိုသည်။ "ဒီမြူခိုးဖုံးဝှက်မမ်ဗာက ထွန်း​တောက်​ဒေါ်လာ ၉,၀၀၀,၀၀၀ မတန်​လောက်ဘူး။ ကြယ်​မျှော်စင်မှာတိုက်ခိုက်ဖို့ပဲသင့်​တော်တယ်၊ ​တောနက်ထဲမှာ တကယ်တိုက်ပွဲဝင်ဖို့​တော့ မဖြစ်နိုင်ဘူး။"

ဝမ်ယွီသည် လ​ရောင်ဖြာနန်း​တော်မှဖြစ်သည်​ကြောင့် ဤမြူခိုးဖုံးဝှက်မမ်ဗာကိုမြင်သည့်အချိန် စိုးစိမျှမအံ့သြ​ပေ။ အချုပ်အားဖြင့် ထိုဝိညာဉ်သားရဲသည် သိပ်​မ​ကောင်းဘူးဟုသာ သူမခံစားရသည်။

လင်းယွမ်သည်လည်း ပြဿနာတစ်ခုခုရှိ​နေမှန်းသိသည်။ ထိုမြူခိုးဖုံးဝှက်မမ်ဗာ၏အသွင်​ပြောင်းလဲခြင်း၌ ဧရာမချို့ယွင်းချက်ကြီး ရှိ​နေခဲ့သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now