အခန်း ၂၄၁ - အနက်နဲ့အဖြူ

349 35 0
                                    

အခန်း ၂၄၁ - အနက်နဲ့အဖြူ

လင်းယွမ်သည် သူ၏ လက်ရှိအခြေအနေကို ကြည့်လိုက်ပြီး စိတ်လိုလက်ရ အသက်ပြင်းပြင်းရှိုက်လိုက်မိသည်။ ချက်ချင်းပင်၊ လင်းယွမ်သည် နေ့နှင့်ည​ငွေဝိညာဉ်အမွေးများဖြင့် ဖွဲ့စည်းထားသော အတောင်လေးခုကို ထိန်းချုပ်လိုက်​လေသည်။

အ​တောင်ပံ​​လေးခုတဖျတ်ဖျတ်ခတ်​နေစဥ် လင်းယွမ်၏​ခြေ​ထောက်များသည် ​မြေပြင်မှ ကြွစပြုလာကာ ​လေထုအလယ်​သို့​ရောက်လာသည်။ ယခုသူသည် ​လေထဲ၌ရှိ​နေရာ အနက်​ရောင်​တောင်ပံများကို ​ဝေ့ယမ်းဖို့ကြိုးစားကြည့်လိုက်သည်။

နေ့နှင့်ည​ငွေဝိညာဉ်သည် အလေးချိန် များများစားစားမရှိသော်လည်း အမွေးများသည် ပုံမှန်မဟုတ်စွာ မာ​ကြော​နေသည်။ ပစ်လွှတ်ကြည့်လိုက်မည်ဆိုပါက အလင်းရောင်ကို ဝါးမြိုနိုင်သည့် အနက်ရောင်မိုးကြိုးများပမာ ခံစားရ​ပေလိမ့်မည်။

အနက်ရောင် ငှက်မွေးများသည် လင်းယွမ်သတ်မှတ်ထားသော ပစ်မှတ်ဆီသို့ ပစ်ခတ်လိုက်သည်။ နေ့နှင့်ည ​ငွေဝိညာဉ်အမွေးများသည် အရင်းအမြစ်သဲ၏ သဲဝါဆီကျသွားသည်။ အ​မွေးများမှာ ချက်ချင်း ပျောက်ကွယ်သွားကာ သဲများနှင့်ရော​နှောသွား၏။ တဆက်တည်းပင် သဲဝါနဲ့ ရောနှောသွားသော အမွေးများသည် မူပွားလာကြကာ ပြီးပြည့်စုံသော စက်ဝန်းတစ်ခု ဖြစ်လာသည်။

  နေ့နှင့်ည​ငွေဝိညာဉ်အမွေးများ၏ တိုက်ခိုက်မှုအမြန်နှုန်းကို စမ်းသပ်ပြီးသည့်နောက်၊ လင်းယွမ်သည် အလွန်ခံနိုင်ရည်ရှိသော ဖယ်ရိုမန်းဂနိတစ်ပိုင်းကို ​ရွှေဝိညာဉ်သားရဲသိမ်းဆည်းသေတ္တာထဲမှ ထုတ်ယူလိုက်​​လေသည်။ ထို့နောက် ခွန်အားသုံးကာ အဝေးသို့ လွှင့်ပစ်လိုက်​တော့သည်။

မိုးကြိုးများအဖြစ်သို့ ​ပြောင်းသွား​သော အနက်ရောင်အမွေးငါးခုသည် ဖယ်ရိုမန်းဂနိကို တိုက်ရိုက်ထိုးဖောက်သွားပြီး မထင်ရှားသော အမှတ်အသားငါးခုကို ထင်ကျန်​စေ​လေသည်။

လင်းယွမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိသည်။ ​နေ့နှငိ့ည​ငွေဝိညာဉ်ဖြင့်ဖွဲ့စည်းထားသော အနက်ရောင်အမွေးများသည် ပလက်တီနမ်ဝိညာဉ်သားရဲများ၏အကာအကွယ်ကို မချိုးဖျက်နိုင်ပါ​ချေ။ သို့သော် ရွှေကာကွယ်ရေးအမျိုးအစား ဝိညာဉ်သားရဲများက​တော့ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။ ဤသည်မှာ အနက်ရောင် အမွေးများ၏ တိုက်ခိုက်နိုင်စွမ်းပင်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Onde histórias criam vida. Descubra agora