အခန်း ၂၉၆ - အ​မှောင်ချကုန်သွယ်မှုမှ အမြတ်များ

300 35 0
                                    

အခန်း ၂၉၆ - အ​မှောင်ချကုန်သွယ်မှုမှ အမြတ်များ

အမှန်တွင် ဤအရင်းအမြစ် အသွင်း​ပြောင်းခြင်းပိုးအိမ်သည် အင်းဆက်မျိုးစိတ်ဝိညာဉ်သားရဲများအတွက်သာ အသုံးဝင်ခြင်းမဟုတ်​ပေ၊ လင်းယွမ်၏ အရင်းအမြစ်သဲအတွက်လည်း အတန်သင့်အသုံးဝင်ပါသည်။

အဘယ်​ကြောင့်ဆို​သော် ၎င်းသည် ​​ကျောက်စရစ်လက်ခံဝိညာဉ်နှင့် သဟဇာတဖြစ်ထား​သော နှလုံး​ဖောက်ထွင်းသံမျဥ်းကို အဆင့်မြှင့်ရာတွင် အသုံးပြုနိုင်​သော​​ကြောင့်ပင်။

၎င်းသည် အလွန်မျိုးရိုးဗီဇစံပုံစံ အမျိုးတူ​သော နှလုံး​ဖောက်ထွင်းသံမျဥ်းကို ပြန်လည်ဖွဲ့စည်း​ပေးမည်ဖြစ်ကာ ဦး​ခေါင်း၏ချွန်မြမှုနှင့် မာ​ကြောမှုကို ​တိုး​မြှင့်​စေမည်ဖြစ်သည်။

သံသယရှိစရာမလိုစွာ ယင်းသည် နှလုံး​ဖောက်ထွင်းသံမျဥ်း၏ မျိုးရိုးဗီဇစံပုံစံ၏ မူလရှုပ်​ထွေးနက်နဲမှုကို မ​ပြောင်း​စေဘဲ ပိုမိုသန်မာလာ​စေမည်ဖြစ်သည်။ ကံမ​ကောင်းစွာဖြင့် အရင်းအမြစ် ဆင့်ကဲ​ပြောင်းလဲခြင်းပိုးအိမ်သည် အင်းဆက်မျိုစိတ်ဝိညာဉ်သားရဲများအတွက်သာ အသုံးပြုနိုင်​လေသည်။

ထို့အပြင် လင်းယွမ်၏အရင်းအမြစ်သဲသည် ဆင့်ကဲ​ပြောင်းလဲခြင်းပိုးအိမ်ကို သုံးနိုင်မည်ဆိုလျှင်ပင် ၎င်းကို လျို့ကျယ်အတွက်ချန်ထားဦးမည်ဖြစ်သည်။ အ​ကြောင်းမှာ ၎င်းသည် လျို့ကျယ်၏ခွန်အားအသွင်​ပြောင်းလဲခြင်းနှင့် ဆက်နွယ်​နေ​သော​ကြောင့်ပင်။

ဆင့်ကဲ​​ပြောင်းလဲခြင်းပိုးအိမ်သည် ဝိညာဉ်သားရဲများကို အဆင့်မြှင့်တင်သည် ဝိညာဉ်ပစ္စည်းကဲ့သို့ထင်ရ​​သော်လည်း လက်​တွေ့တွင်​တော့ ထိုသို့မဟုတ်​​​ပေ။

ဆင့်ကဲ​ပြောင်းလဲပိုးအိမ်သည် မှိုမျိုးစိတ်အရင်းအမြစ်အမျိုးအစားသက်ရှိတစ်မျိုးဖြစ်သည်။ ယင်းသည် နဂါးငယ်တစ်​ကောင်၏ နှုတ်ခမ်း​မွှေးလုံးနှင့်တူ​သော်လည်း အမှန်​တော့ မှိုမျှင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ဆင့်ကဲ​ပြောင်းလဲခြင်းပိုးအိမ်သည် အမှန်​တော့ အရင်းအမြစ် တိုက်စားခြင်းအက်စစ်ပျားဘုရင်မနှင့် အ​​​တော်​လေးဆင်တူသည်။ နှစ်မျိုးစလုံးသည် တခြားဝိညာဉ်သားရဲများ သို့မဟုတ် အရင်းအမြစ်သက်ရှိများ၌ ကပ်တွယ်​နေရသည်။ သို့​သော် တိုက်စားခြင်းအက်စစ်ပျားဘုရင်မ၏ တိုက်ပွဲဝင်အ​ခြေအ​နေများမှာ ရှင်းလင်းစွာပင် ဆင့်ကဲ​ပြောင်းလဲခြင်းပိုးအိမ်ထက် ပိုမို၍​တောင်းဆိုမှုများပြားသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now