အခန်း ၃၀၃ - ဂရပ်(စ်)ဝိညာဉ်သားရဲများ

280 36 0
                                    

အခန်း ၃၀၃ - ဂရပ်(စ်)ဝိညာဉ်သားရဲများ

လင်းယွမ်သည် ဆူးနီကို ဆန်းပြားမျိုးသန့်ဖြစ်လာ​စေရန် အဖျက်စွမ်းအားထဲ၌ အသက်စွမ်းအင်ပါဝင်​သော စိတ်စွမ်းအင်​မှော်အက္ခရာကို သုံးရန် ဆုံးဖြတ်လိုက်သည်။ ဆူးနီသည် တိုက်ခိုက်ရန် ပန်းပင်လယ်အ​ပေါ် ပိုပို၍ မှီခိုလာသည်ကို ​သူ​တွေ့​နေရသည်။

အလွန်တရာပြင်းထန်​သော အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုမှ သူနားလည်ခဲ့​​​သော စိတ်စွမ်းအင်​မှော်အက္ခရာသည် ဆူးနီနှင့် လိုက်ဖက်သည်ထက် ပို၍ လိုက်ဖက်လာရခြင်းမှာ ထိုစိတ်စွမ်းအင်​မှော်အက္ခရာ၏ အဖျက်သ​ဘော​​ဆောင်​သော ခံစားချက်ထဲတွင် ရုတ်တရက်​ပေါက်ကွဲထွက်​​သောအသိတို့ ပါဝင်​နေ​သော​ကြောင့်ဖြစ်သည်။

လင်းယွမ်၏အမြင်တွင်​တော့ ထိုရုတ်တရက်ပေါက်ကွဲမှုအာရုံသည် ပစ်မှတ်တစ်ခုတည်းကို အဓိကအ​လေးထား​သောစွမ်းအားပြင်းတိုက်ခိုက်​ရေးဝိညာဉ်သားရဲအတွက် ပို၍သင့်​တော်သည်။

အဖျက်စွမ်းအားထဲ၌ အသက်စွမ်းအင်ပါဝင်​​​​သော စိတ်စွမ်းအင်​မှော်အက္ခရာသည်လည်း ဆူးနီနှင့်အမှန်တကယ် သင့်​တော်​နေရာ ထိုနှစ်ခုထဲမှ လင်းယွမ် ၎င်းကို​ရွေးလိုက်ခြင်းဖြစ်သည်။

မိခင်​သွေးချိုးကန် ​ရွေးချယ်ထား​သော တည်​​နေရာသို့​ရောက်​​သောအခါ အံ့ဖွယ်ခရီးသွားပျံလွှားနက်သည် အဆုံးမဲ့​​တောအုပ်ရှိ ​​နေရာကွက်လပ်တစ်ခုတွင် ရပ်နား​လေသည်။

လင်းယွမ် အံ့ဖွယ်ခရီးသွားပျံလွှားနက်​​ပေါ်မှ ခုန်ချပြီးသည့်​နောက် ပျံလွှားနက်သည် မိခင်​သွေးချိုးကန်ထံမှ ဆားနှင့်ငရုတ်​ကောင်းနယ်ပြီး စွပ်ပြုတ်လုပ်ခံရမည်ကို ​ကြောက်​နေသကဲ့သို့ ပြုမူ​လာသည်။ ဝူးကနဲ အ​ဝေးသို့ ပျံ​သွား​လေသည်။

မိခင်​သွေးချိုးကန်သည် အဆုံးမဲ့​တောအုပ်၏ ​အနက်ပိုင်းသို့​​ရောက်သည့်အခါ လူအသွင်​ပြောင်းလိုက်ပြီး လင်းယွမ်ကို​ပြောသည်။ "ဒီ​​နေရာက ဖန်တီးရှင်​ဆရာသခင်​တွေအတွက် ​တောတွင်းပစ္စည်း​တွေ ရိတ်သိမ်းဖို့ အရမ်းသင့်​တော်တယ်။ မင်း အဲ့လိုလုပ်မယ်ဆိုရင် ငါတို့ခရီးကို ပိုပြီး လျင်လျင်မြန်သွားဖို့​တော့လိုမယ်။ ဒီ​နေရာမှာ ငါတို့အမြင့်ပျံနိုင်ရင် အံ့ဖွယ်ခရီးသွားပျံလွှားနက်ကို​တောင် ပိုပြီး​ဝေး​ဝေးပျံခိုင်းလို့ ရဦးမှာ။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now