အခန်း ၃၀၀ - ဆူးနီ ဆန်းပြားမျိုးသန့်အဖြစ် အဆင့်မြှင့်တင်နိုင်မည့် ကံကြမ္မာက​ပေးတဲ

298 35 2
                                    

အခန်း ၃၀၀ - ဆူးနီ ဆန်းပြားမျိုးသန့်အဖြစ် အဆင့်မြှင့်တင်နိုင်မည့် ကံကြမ္မာက​ပေးတဲ့ အခွင့်အ​ရေး

လင်းယွမ်၏စိန်ဝိညာဉ်သားရဲ​သိမ်းဆည်း​သေတ္တာ၌ ​ကျောက်စိမ်းအဲမ်စိမ်း စုစု​ပေါင်း ​လေးပိုင်းရှိသည်။ လင်းယွမ် အဖိုးတန်သစ်သားများကို ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်ထဲသို့ ထည့်ထားစဉ်က အမျိုးအစားတစ်ခုကို ​လေးပိုင်းစီထည့်ခဲ့ခြင်းဖြစ်သည်။ သူသည် ဧရာမပလာတိန်းစင်ကြီးနှစ်ခု​ပေါ်တွင် ညီညီမျှမျှ​နေရာချထားခြင်းဖြစ်သည်။

လင်းယွမ် လက်တစ်ချက်အ​ဝှေ့တွင် ကျန်ရှိ​နေ​သော ​ကျောက်စိမ်းအဲမ်စိမ်းသုံးပိုင်းသည် ဝိညာဉ်သားရဲသိမ်းဆည်း​​သေတ္တာများမှ ထွက်လာကြသည်။ "​သ​ဘောတူထားတဲ့ သစ်သားသုံးပိုင်းအပြင် ငါ့မှာတစ်ပိုင်းပိုရှိ​သေးတယ်။ ဒီ​ကျောက်စိမ်းအဲမ်စိမ်း​လေးပိုင်းလုံးက အိပ်ရာ​တွေ၊ ထိုင်ခုံရှည်​တွေ၊ ထမင်းစားပွဲ​တွေနဲ့ တခြားပစ္စည်းကြီးကြီး​တွေဖန်​တီးဖို့ သုံးလို့ရတယ်။"

​ကောင်းဖုန်းသည် လင်းယွမ် ​ကျောက်စိမ်းအဲမ်စိမ်း သုံးပိုင်းကိုထပ်မံယူထုတ်လာသည်ကို မြင်လိုက်သည့်အချိန် ​မျက်နှာ​ပေါ်၌ ​ပျော်ရွှင်မှုများ​ပေါ်လာ​တော့သည်။

​ကျောက်စိမ်းအဲမ်စိမ်းတွင် အသက်စွမ်းအင်ကို ပျိုး​ထောင်​ပေးနိုင်သည့် အလွန်အား​ကောင်း​သော လုပ်​ဆောင်ချက်တစ်ခုရှိသည်။ အကယ်၍ အိပ်ရာများနှင့် ထိုင်ခုံရှည်များအဖြစ် ပြုလုပ်မည်ဆိုလျှင် သူ့အဖိုးနှင့်အလွန်သင့်​တော်လှသည်။

​​ကောင်းဖုန်းသည် အတိတ်တုန်းက ​လုံး​ဝ​ကျောက်စိမ်းဖြစ်​နေ​သော အဲမ်စိမ်းကိုသုံး၍ အိပ်ရာများနှင့်ထိုင်ခုံရှည်များ ပြုလုပ်မည့်အ​ကြောင်းကို တစ်ခါမှစိတ်ကူးမယဥ်ဖူး​ပေ။ တစ်ချိန်တည်းတွင် ယခု​လေးတင် သူ့ကို​ကျေးဇူးဆပ်လိုသည့် လင်းယွမ်၏အပြုအမူ​ကြောင့် ရင်ထဲထိခတ်သွားရသည်။

​ကောင်းဖုန်းသည် သူငယ်ချင်းများကို အ​​ရေးကြီးသူများအဖြစ် ရှုမြင်ကာ သူငယ်ချင်းအဖြစ် သတ်မှတ်ထားသူများကို ​သေချာ​ပေါက်အကူအညီ​ပေးမည်ဖြစ်သည်။ သို့​သော် သူငယ်ချင်းဖွဲ့ရာတွင် ​ကြောက်စရာအ​ကောင်းဆုံးအရာမှာ အကူအညီများ​ပေး​သောအခါ တစ်ဖက်လူ၏ လျစ်လျူရှုခံရခြင်းဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now