အခန်း ၂၆၉ - အမွှာဘုံဗိမ္မာန်နီနှင့် ချပ်ပြား

299 36 0
                                    

အခန်း ၂၆၉ - အမွှာဘုံဗိမ္မာန်နီနှင့် ချပ်ပြား

​တောင်ပံနက်များသည် ​တောင်ကြားထဲရှိရှားပါး​နေပြီးသားဖြစ်​သော အလင်း​ရောင်ကိုစုပ်ယူလျက်ရှိသည်။ ကြည့်ရသည်မှာ ​လေထုထဲကအလင်း​ရောင်ကိုဝါးမျို​နေ​သော မှင်​ရောင်လှိုင်းကြက်ခွပ်​​လေးနှင့်ပင် တူ​နေ​သေးသည်။

လင်းယွမ် ထိုသုံး​ယောက်ဆီမှ တိုက်ခိုက်မှုကိုမခံရခင်ကတည်းက အဆက်မပြတ် သတိကြီးကြီးထား​ကာ အသစ်အ​နေအထားဖြစ်နေခဲ့သည်။ ထို့​ကြောင့် အနှီလူသုံး​ယောက်သည် လင်းယွမ်၏တိုက်ခိုက်လာမှုအ​ပေါ် အမှန်တကယ်ပြင်ဆင်ချိန် မရလိုက်​ပေ။

လင်းယွမ်သည် ​တောင်ပံ​လေးခုကိုတဖျတ်ဖျတ်ခတ်လိုက်ကာ သဲပင်လယ်မှသူ့ကိုပင့်တင်ထား​ပေး​သော လက်ဝါး​ပေါ်တွင် ရပ်​နေခဲ့သည်။ ​စောနက တိုက်ခိုက်မှုများကိုခံလိုက်ရသည့်လက်ဝါး၌ လက်ခလယ်တစ်​ချောင်းသာ ကျန်​တော့သည်။ လင်းယွမ်က ​နေရာတွင်ရပ်ကာ အရင်းအမြစ်သဲကိုတိုက်ခိုက်ရန် ထိန်းချုပ်လိုက်သည်။

လက်ရှိတွင် ထိုဝိညာဉ်ချီပညာရှင်သုံး​ယောက်သည် လွတ်​မြောက်ရန် ရုန်းကန်​နေကြသည်။ ​ရွှေအထွတ်အထိပ်ဝိညာဉ်သားရဲရှိသည့် ဝိညာဉ်ချီပညာရှင်များသည် သဲ​ရှင်​အောက်တွင် ​ကြောက်မက်ဖွယ်တိုက်ခိုက်မှုတချို့ကို ကြုံ​တွေ့​နေရသည်။ သူတို့၏​အောသံဟစ်သံများအားလုံးသည် အသက်စွမ်းအင်များ သဲရှင်ထဲသို့နစ်မြုပ်​နေရင်း ခဏချင်း​ပျောက်ကွယ်သွား​တော့သည်။

ပလက်တီနမ်ဝိညာဉ်သားရဲရှိသည် ဝိညာဉ်ချီပညာရှင်က ​အော်ဟစ်လာသည်။ "မ...မ...မသတ်ပါနဲ့ ငါ့ကို! အသက်ချမ်းသာ​ပေးပါ! အနာဂတ်မှာ မင်းငါ့ကိုခိုင်းတာမှန်သမျှ ငါလုပ်​ပေးမယ်!"

ထိုတုံ့ပြန်မှုကို လင်းယွမ်ကြားသည်။ မျက်နှာ​ဖုံး​​နောက်မှ ​ရေခဲတမျှ​အေးစက်​သော မျက်လုံးများသည် ယခုတွင် လူသတ်လို​သောရည်ရွယ်ချက်များဖြင့် တလက်လက်​တောက်ပ​နေသည်။ "မင်းက စိတ်စွမ်းအင်​မှော်အက္ခရာ​​တောင်မရှိဘူး။ မင်းရဲ့ကတိကို ဘယ်လိုသစ္စာပြုလို့ရမှာလဲ။"

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Unde poveștirile trăiesc. Descoperă acum