အခန်း ၃၁၉ - အဆင့် ၅-တစ်ဝက် ဝိညာဉ်ချီလက်မှုပညာသည်

280 34 0
                                    

အခန်း ၃၁၉ - အဆင့် ၅-တစ်ဝက် ဝိညာဉ်ချီလက်မှုပညာသည်

ယခင်က အိမ်​တော်ပြင်ဆင်မှုများသည် အ​ခြေတည်စပုံစံသာ အလှဆင်ရ​သေးသည်ဆိုပါက ယခုတွင် အိမ်​တော်တစ်ခုလုံးသည် အနုပညာလက်ရာတစ်ခုအဖြစ်သို့ မွမ်းမံထားသည်နှင့်တူ​ပေသည်။ ယင်းတို့အားလုံးမှာ သိသိသာသာပင် ဟူချွမ်၏အားထုတ်မှုများပင်။

လင်းယွမ်သည် ဟူချွမ်ထံမှ ဝိညာဉ်ချှလက်မှုပညာသည်တစ်ဦး၏အားထုတ်မှုတစ်မျိုးကို မြင်​နေရသည်။ သူသည် တစ်ယူသန်ကာ စိတ်ဓါတ်ပြင်းထန်သူဖြစ်၏။ ၎မှာ အလွန်လက်ဝင်​သောအရာဖြစ်​သော်ငြား ဟူသည်ချွမ် စွမ်းအားများပြည့်ဖြိုး​သော ခန္ဓါကိုယ်ဖြင့် ပြီး​မြောက်​​အောင်လုပ်​ဆောင်ခဲ့သည်။ ဤအိမ်​တော်၏တင့်တယ်မှုမှာ ဟူချွမ်၏ဒီဇိုင်းလက်ရာ​အောက်တွင် အပြည့်ဝဆုံးပြသနိုင်​လေသည်။

ရှုခင်းငါးကြင်း ၃ ​ကောင်၏သီးသန့်ကျွမ်းကျင်မှု​ အသက်ရှိရာအရပ်ကြောင့် အိမ်​တော်ရှိ ဝါး​​တော၏ မီတာ ၃၀၀၀ အတွင်းရှိ ဝါးဝိညာဉ်သားရဲများသည် ​မြေပြင်မှ အဆင့်မြင့်စွမ်းအင်သတ္တုရိုင်း ၂၅၀,၀၀၀ ကီလိုဂရမ်ကို စုပ်ယူပြီး အဆက်မပြတ်ကြီးထွား​နေ​လေသည်။

အိမ်​တော်ကို ​လေများတိုက်လာသည့်အချိန်  ဝါးရနံ့တစ်စွန်းတစ်စကို သယ်​ဆောင်လာတတ်သည်။ စမ်း​​ချောင်းပမာ သွယ်တန်း​နေ​သောဝါးတန်း​လေးများနှင့် ​အစိမ်း​ရောင်တောအုပ်ဆီမှ တပ်​မက်ဖွယ်​ကောင်း​သော ဂီတသံများလည်း ထွက်​ပေါ်​နေလျက်ရှိသည်။

အိမ်​တော်၏​ပြောင်းလဲမှုများကို လင်းယွမ်​တွေ့ရှိ​လေ​လေ သံသယအရိပ်အ​ယောင်များ ပိုလာ​​လေ​လေဖြစ်သည်။ အဆင့် ၄ ဝိညာဉ်လက်မှုပညာသည်ဖြစ်သူ ဟူချွမ်သည် ​နေ့​နေ့ညည မအိပ်မ​နေဘဲ အိမ်​တော်ကို ဒီဇိုင်းဆင်​နေခဲ့သည်​လား?

ဂိတ်ဝကို ဖြတ်ပြီး​​နောက် ​လုံးဝကျောက်စိမ်းအ​နေအထားသစ်သားများသည် ​ကောင်းမွန်စွာ အသုံးပြုခြင်းခံထားရသည်ကို လင်းယွမ်​တွေ့ရှိလိုက်ရသည်။

​ကျောက်စိမ်းသစ်သားများ၏ ​စုံလင်​သောအ​ရောင်များကို အဆင်ပုံစံဖြင့် ထွင်းထားကာ ​ခေါင်မိုးနံရံများတွင် တပ်​ဆင်ထားရာ တည်ငြိမ်​သော​ကျောက်စိမ်း​ရောင်ဖြင့် လင်းလက်​နေ၏။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Hikayelerin yaşadığı yer. Şimdi keşfedin