အခန်း ၂၉၀ - သံပုံးညီမ​လေးတစ်​ယောက် သွန်းလုပ်မယ့် အစီအစဥ် ၃.၀

328 42 0
                                    

အခန်း ၂၉၀ - သံပုံးညီမ​လေးတစ်​ယောက် သွန်းလုပ်မယ့် အစီအစဥ် ၃.၀

မြီး​ကောင်​ပေါက်လူငယ်​များကသာ စိတ်တွင်းထဲ ကိစ္စ​​တွေ သိမ်းထားတတ်တာမဟုတ်ဘဲ မြီး​ကောင်​ပေါက်ငှက်​တွေကလည်း သိမ်းထားတတ်ပါ​သေးသည်။ စိတ်တွင်း၌ ပူပန်စရာများ သိမ်းထားတတ်ကာ စိတ်က​ယောက်ကယက်နဲ့ မ​ပျော်ရွှင်ပါ​ပေ။

မြီး​ကောင်​ပေါက်ငှက်များ၏ ပူပန်မှုများမှာ ဤသို့ပင်ဖြစ်သည်။ 'ဆောင်းဦးဟာ ငွေလရောင်ဖြင့် ​ဆေးခြယ်ထားသော မျက်နှာပြင်တခွင် အေးစိမ့်​နေစေလျက်သား၊ ပိုးသားယပ်​တောင်ကို အသုံးပြု၍ ပျံဝဲနေ​ကြ​သော ပိုးစုန်းကြူး​တွေကို ဖမ်း​​ကြမယ်။'

ထိုပိုးသားယပ်​တောင်ငယ်​လေးသည် စိတ်ဝင်စားစရာ​ကောင်း​သော်လည်း စင်စစ်တွင် ပိုးစုန်းကြူးများ၏သက်တမ်းမှာ ​တို​တောင်းဖေ​ဖော်ဝါရီလသာ ဖြစ်သည်။ ၎င်းအား ​အေးစိမ့်​သော​လေညင်းက နားလည်မည်မဟုတ်​​ပေ။

လင်းယွမ်သည် ဝိညာဉ်ချုပ်ခန်း​နေရာကွက်လပ်တွင် ယခင်လ အရင်းအမြစ်ထွက်ရှိမှုနှင့် သူ၏စွန့်စားမှုမှ ရ​သော အကျိုးအမြတ်များကို ရှင်းလင်းပြီးပြီဖြစ်သည်။ ​နောက်ဆက်လုပ်သင့်သည့်အရာကို သူသိပါသည်။

ထိုအချိန်တွင် တံခါးခေါက်သံကြားလိုက်ရသည်။ သူ နည်းနည်း​တော့ သိချင်စိတ်ဖြစ်မိသည်။ ဒီအချိန်မှာ ဘယ်သူက တံခါးလာခေါက်မှာလဲ။

တံခါးဖွင့်လိုက်ပြီးနောက် တံခါးဝတွင် လူသားအသွင်ဖြင့် မိခင်သွေးချိုးရပ်​နေသည်ကို တွေ့လိုက်ရသည်။ ဆံပင်သည် အနက်ရောင်ဖြစ်လာပြီး သလင်း​ကျောက်နီနှင့်တူသော သားရေချပ်ဝတ်တန်ဆာအပြင်ဘက်တွင်အနီ​တောက်​တောက်ဝတ်ရုံကို ၀တ်ဆင်ထားသည်။

နယ်​မြေရှင်/ဒဏ္ဍာရီ ၂ ဝိညာဉ်သားရဲတစ်​ကောင်အနေဖြင့် မိခင်သွေးချိုးကန်သည် ၎င်း၏လူသားအသွင်၌ ဝိညာဉ်သားရဲပုံစံကို ထိန်းသိမ်းထား​သေးသည်။ ဆံပင်အရောင်ပြောင်းနိုင်မှုသည် နယ်​မြေရှင်/ဒဏ္ဍာရီ ၂ ဝိညာဉ်သားရဲများအတွက် ကိစ္စကြီးကြီးမားမားမဟုတ်ပေ။ သို့သော် မိခင်​သွေးချိုးကန်၏မျက်လုံးများသည် ယခင်ကအတိုင်း အနီရောင်သလင်း​ကျောက်များနဲ့ တူနေသေးသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Tempat cerita menjadi hidup. Temukan sekarang