အခန်း ၂၄၂ - တကယ်ကို ဇီဇာ​ကြောင်တာပဲ

329 37 0
                                    

အခန်း ၂၄၂ - တကယ်ကို ဇီဇာ​ကြောင်တာပဲ

လင်းယွမ်သည် နား​ထောင် ပေးပို့ထားသည့် မက်ဆေ့ချ်နှစ်ခုကို မြင်သောအခါ မျက်ခုံးပင့်လိုက်မိသည်။

နားထောင်- "ဆရာ၊ နောင်တစ်ချိန်မှာ ​ကြေး/​မော်ကွန်းတင်ဝိညာဉ်သားရဲတစ်မျိုးမျိုးရှိရင် ကျွန်​တော့်ကို အရင်ဆုံး အရောင်းအဝယ်လုပ်နိုင်မယ့်အခွင့်အရေး ပေးလို့ရမလား။ ကျွန်​တော် ဆရာကို မရှုံး​စေရပါဘူး။"

နားထောင် - “ဆရာရဲ့ ယခင်ကလိပ်စာကို နေ့နဲ့ည​ငွေဝိညာဉ်ငွေ တစ်ကုဗမီတာ ပို့ပေးလိုက်ပြီဗျ။ ဟီးဟီး။”

လင်းယွမ်သည် သူ့ကိုအ​ရေးတယူဂရုတစိုက်​လုပ်​နေခြင်းကို ရပ်ခိုင်းလိုက်သင့်သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ဒါမှမဟုတ် ဖန်တီးရှင်ဆရာသခင်အားလုံးက အဲလို ဆက်ဆံခံရတာများလား။

ယခုသည် လင်းယွမ် အခြားသူများထံမှ လာဘ်ထိုးမှုကို လက်ခံရသည့် ပထမဆုံးအကြိမ်ဖြစ်သည်။ သို့သော်၊ နေ့နှင့်ည​ငွေဝိညာဉ်ငွေ တစ်ကုဗမီတာသည် လာဘ်ထိုးခြင်းထက် မျက်နှာချို​သွေးခြင်းနှင့် ပို၍တူ​နေသည်။

လင်းယွမ် နားထောင်ကို စာပြန်လိုက်သည်။

နက်ရှိုင်း​တောင်အကြီးအကဲလင်း- “စွမ်းအားပြင်းတိုက်ခိုက်​​ရေးအစွယ်ပါဝိညာဉ်သားရဲ​တွေမှာ ခွေး၊ ဝံပုလွေ၊ ​ခွေးအ၊ မြေခွေး နှင့် အခြား ခွေးမျိုးစိတ်​ပေါင်း ၃၆ မျိုး ရှိပြီး အမျိုးပေါင်း ၁၃ မျိုး ရှိတယ်။ အပိုင်းအခြားက ကျယ်ပြန့်​နေတယ်။”

နားထောင်ကို စာပြန်ပြီးနောက် လင်းယွမ်သည် လက်ရှိတွင် နား​ထောင်က အွန်လိုင်းတွင် ရှိနေသည်ကို တွေ့လိုက်ရရာ သူ့အဖြေကို စောင့်ဆိုင်းလိုသည်။ ပေးပို့ပြီးနောက် သုံးစက္ကန့်မပြည့်မီ နားထောင်က စာပြန်လာ​လေသည်။

နားထောင်- "​ဝေါင်း၊ ကျွမ်းကျင်သူကြီးပဲ။ အစွယ်ပါမျိုးစိတ်တွေကို ငါရွေးချယ်နိုင်တယ်လို့ ဆိုလိုတာလား။"

နက်ရှိုင်းတောင်အကြီးအကဲလင်း- “ဟုတ်တယ်။”

နားထောင်သည် သူ့အားကူညီလိုက်​​လျော​ပေးခဲ့သည့်အတွက် သူသည်လည်း နား​ထောင်ကို အလားတူပြန်လုပ်​ပေးမည်။ ၎င်းသည် နားထောင်,ပေးခဲ့သော နေ့နှင့်ည​ငွေဝိညာဉ်ငွေ တစ်ကုဗမီတာနှင့် မသက်ဆိုင်ပါ​ပေ။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now