အခန်း ၂၈၇ - မတရားခံလိုက်ရ​သော တိုက်စားခြင်းအက်စစ်ပျားဘုရင်မ

306 34 0
                                    

အခန်း ၂၈၇ - မတရားခံလိုက်ရ​သော တိုက်စားခြင်းအက်စစ်ပျားဘုရင်မ

မိစ္ဆာလှိုင်းကြီး လုံးဝကွယ်​ပျောက်သွား​သောအခါတုန်းက ဆူးနီသည် ချက်ချင်းအစာ​ချေဖျက်နိုင်မည်မဟုတ်​သော အဆင့် ၄ မိစ္ဆာအသားကို တွန့်ဆုတ်စွာ လက်လွှတ်ခဲ့ရသည်။

ထိုအဆင့် ၄ မိစ္ဆာ၏အ​သွေးအသားများသည် ပလက်တီနမ်ဝိညာဉ်သားရဲများနှင့် ညီမျှပြီး ညိုးနွမ်း​လောင်ကျွမ်း​​စေ​​သော အာနိသင်များရှိသည်။ ဆူးနီသည်ပင် စားသုံး​နေစဥ်သည်းခံနိုင်မည်မဟုတ်​ပေ။

ထိုအခါတုန်းက ဆူးနီသည် ပုံတူများကို သို​လှောင်ရာအဖြစ်ထားကာ အဆင့် ၄ မိစ္ဆာများ၏အသားကို အဆင့် ၃ မိစ္ဆာများစားသုံးကာ တိုက်ပွဲကွင်း၌ ခြိမ်း​ခြောက်စရာတစ်ခုဖြစ်လာမည်အား ကာကွယ်ခဲ့သည်။ ​နောက်​တော့ ဆူးနီသည် ပုံတူများ၏စွမ်းအင်များကို လက်ခံရရှိကာ အ​သွေးအသားစွမ်းအင်များကို စုပ်ယူနိုင်မည်ဖြစ်သည်။

ပုံတူ အ​မြောက်အမြား ညိုးနွမ်းသည့်အခါ များပြား​​သောစွမ်းအင်တို့သည် ပုံတူများမှတဆင့် ဆူးနီ၏ပင်မအမြစ်ဆီသို့ ကူး​ပြောင်းခံရမည်ဖြစ်သည်။ အလွန်များပြားလှ​သော စွမ်းအင်များသည် ဆူးနီကို​ဆောင်းခို​သော အ​ခြေအ​နေသို့​ရောက်သွား​စေသည်။

ထိုအခိုက် ဆူးနီ​၏စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးထံမှ မီးပြင်းဖိုကဲ့သို့ ခပ်အုပ်အုပ်မြည်သံကို ထုတ်လွှတ်​နေသည်အား လင်းယွမ် ခံစားရသည်။ ထို့အပြင် စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးကို ဝန်းရံထား​​သော ပွင့်ထပ်ပန်းပွင့် ၁၂ ပွင့်သည် သို​လှောင်ထား​သော အစာ​ချေရည်များကို ပို့​ဆောင်​ပေး​နေ​သေးသည်။

ထိုအက်စစ်ဓါတ် အစာ​ချေရည်များသည် စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးထဲသို့ စီးဝင်သွားသည့်အခါ စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးသည် အလွန်ကြီးမား​သောပမာဏတစ်ခုအထိ အစာ​​ချေဖျက်နိုင်​လေသည်။ လင်းယွမ်သည် စွန့်လွှတ်ခြင်းနှုတ်ခမ်းပါးမှ အ​ကွာအ​​ဝေးတစ်ခုခြားပြီး ရပ်​နေ​သော်လည်း ၎င်းသည် အကန့်အသတ်မဲ့​သော အ​သွေးအသားစွမ်းအင်များကို အဆက်မပြတ်ထုတ်လွှတ်​နေသည်ကို သူခံစား​နေရ​သေးသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now