အခန်း ၂၄၃ - ထွန်း​တောက်အထွတ်အမြတ်ခန်းမ

358 35 0
                                    

အခန်း ၂၄၃ - ထွန်း​တောက်အထွတ်အမြတ်ခန်းမ

ဖုန်းချပြီးနောက် လင်းယွမ် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ညဥ့်နက်နေပြီဖြစ်သော်လည်း တော်ဝင်မြို့တော်တွင် အေးစက်​သောမိုးများသွန်းဖြိုး​နေရာ ရာသီဥတုက ချက်ချင်းအေးလာ​လေသည်။

တော်ဝင်မြို့တော်သည် ရက်အနည်းငယ်ကြာအောင် နေမမြင်ရဘဲ တစ်နှစ်ပတ်လုံး မိုးရွာနေသည့် ဖူးသစ်နီမြို့၏ ရှားဒေသနှင့် မတူဘဲ တစ်နှစ်လျှင် မိုးရွာသည့်အကြိမ်​ရေမှာ လက်ချိုး​ရေ၍ပင်ရသည်။

လင်းယွမ်သည် မိုးရွာ​နေသည်ကို ကြည့်ပြီး သီချင်းခပ်တိုးတိုးမညည်းမိဘဲ မနေနိုင်​တော့​ပေ။

ပြတင်းပေါက်အပြင်ဘက်တွင် မိုးများတဟုန်းဟုန်းရွာသွန်းနေချိန် ထွက်လာ​သောအသံသည် သူ့အားနား​ထောင်​စေရန် ဆွဲ​ဆောင်​နေသည်။

ရေမျက်နှာပြင်ပေါ်က ရှောင်ကျုံးဓားရဲ့ပုံရိပ်​ယောင်ဟာ ချစ်ခြင်းမေတ္တာအတွင်းက အမုန်းတရားပါ​လေ။
(သီချင်းစာသားပါ)

လင်းယွမ် သီချင်းဆို​နေစဥ် သူ့ပခုံးဆီသို့ ပျံသန်းလာသည့် ချီ​မေကို သတိမထားမိ​ပေ၊ ချီ​မေသည် ရုတ်တရက် ရပ်တန့်သွား​​လေသည်။ သူဆို​နေ​သောသီချင်းကို ဂရုတစိုက်နားထောင်​နေပြီး အလွတ်မှတ်နေသလို အလွန်လေးနက်​နေပုံ​ပေါက်သည်။

လင်းယွမ်သည် ပြတင်းပေါက်အပြင်ဘက်က ရွာသွန်းနေ​သောမိုးကို ကြည့်ရင်း နောက်တစ်ကြိမ် မိုးရွာတော့မည် မဟုတ်ဟု သူ မတွေးမိဘဲ မနေနိုင်တော့ပေ။ ယခုနှစ်၏ ပထမဆုံးနှင်းကျ​ပေ​တော့မည်။

နှင်းကျလာသည့်အချိန်ဆို ထွန်း​​တောက်အဆင့် ၁၀၀ ပြိုင်ပွဲရာသီမစတင်မီ တစ်လပင် လို​လောက်​တော့မည်မဟုတ်ပေ။ မဟာမိတ်အဖွဲ့အစည်း၏ အက်စ်တံခွန်စိုက်ပြိုင်ပွဲသည် ဇန်နဝါရီ အစောပိုင်းတွင် စတင်မည်ဖြစ်ပြီး ဧပြီလအနီးထိ ဖြစ်သည်။ ပြီးလျှင်တော့ လင်းယွမ်သည် ထွန်း​တောက်အဆင့် ၁၀၀ ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ဖို့ အချိန်တန်ပြီဖြစ်သည်။

လင်းယွမ်အခန်းထဲမှ ထွက်လာပြီး လျို့ကျယ်နှင့် ဝမ်ယွီတို့သည် ​​ထိပ်၌ကြေး/ပြီးပြည့်စုံဝိညာဉ်ထိန်းချုပ်​ခေါင်ရန်းများစိုက်ထားသည့် စန္ဒကူးနီသက်ရှည်ငါးကန်ကို လေ့လာနေကြသည်ကို တွေ့လိုက်ရသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Opowieści tętniące życiem. Odkryj je teraz