အခန်း ၃၂၁ - တခြားလူငါး​ယောက်ရဲ့ အရင်းအမြစ်​တွေကို အပိုင်သိမ်းလိုက်တဲ့ ဝမ်ယွီ

280 33 1
                                    

အခန်း ၃၂၁ - တခြားလူငါး​ယောက်ရဲ့ အရင်းအမြစ်​တွေကို အပိုင်သိမ်းလိုက်တဲ့ ဝမ်ယွီ

ထိုစကားကို ပိုင်​ဟောင်ကြား​သောအခါ လက်ထဲက အဝတ်များကို ပစ်ချကာ လျို့ကျယ်ကို ဆွဲထုတ်​တော့သည်။ လျို့ကျယ် သက်ပြင်းချလိုက်မိသည်။ ပိုင်​ဟောင်ကြည့်ရသည်မှာ အ​လေးအနက်ဖြစ်​နေပုံပင်။

ပိုင်​ဟောင်သည် သူမ၏တိုက်ရိုက်ထုတ်လွှင့်ခန်း၌ ဆုချရခြင်းကို သ​​ဘောကျခြင်းမဟုတ်ဘဲ ကြက်တူ​ရွေးသံရှင်လိုလီနတ်ဘုရားမကို အမှန်တကယ်နှစ်သက်ပါသည်၊ သို့​သော် ထို​ကြောင့် ပို၍ပင်ခက်ခဲ​နေရသည်။

ပိုင်​​ဟောင်သည် ကြက်တူ​ရွေးသံရှင်လိုလီနတ်ဘုရားမသည် မည်သူမှန်းမသိပါ​ပေ။ သူမ၏အသံကိုသာ သူကြားဖူးသည်။ သူ့တွင်​စျေးဝယ်ချင်စိတ်မရှိ​တော့ဘဲ အဖွဲ့အစည်းသို့သာ ပြန်သွား​​လေသည်။

လျို့ကျယ်သည်လည်း ယခု​လေးတင် ဝယ်ထား​သော လတ်ဆတ်သည့် ဝိညာဉ်ပါဝင်ပစ္စည်းများနှင့်အတူ အိမ်​တော်ထံသို့ ပြန်လိုက်သည်။

အပြင်​လောကတွင် တစ်လ​ကျော်​လေ့ကျင့်ပြီးသည့်​နောက် လျို့ကျယ်သည် ဟာရီကိန်းဇီးကွက်ပိုးဖလံ၏စံပုံစံဖြင့် ​ရေးထွင်းထား​သော အင်းဆက်ဘုရင်မ၏ ပလက်တီနမ်စွမ်းရည်နှင့် ယဥ်ပါးသွားခဲ့ပြီပင်။ ၎င်းသည် လျို့ကျယ်ကို ထွန်း​တောက်အဆင့် ၁၀၀ အတွင်း၌ ထိပ်တန်း ၃၀ အဆင့်သို့ ဝင်နိုင်ရန် ယုံကြည်မှုရှိ​စေသည်။

လျိ့ကျယ်၏ ခွန်အားများသာ ပြည့်လျှံ​နေမည်ဆိုလျှင် ထိပ်တန်း ၂၀ အတွင်းသို့ပင် ဝင်နိုင်သည်။ သို့တိုင် သူအာမ​တော့မခံရဲ​ပေ။

လျို့ကျယ်သည် ဤသုံးနှစ်အတွင်း ပို၍သန်မာလာ​သော်လည်း တခြားထွန်း​တောက်အဆင့် ၁၀၀ အဖွဲ့ဝင်များကလည်း တိုး​တက်မှုရပ်တန့်​နေမည်လား။

သို့ဖြစ်ရာ လျို့ကျယ်သည် ဤပြိုင်ပွဲ၌ သူ၏ခွန်အားအပြည့်ကို ထုတ်​ဖော်ရန် မရည်ရွယ်ထား​ပေ။ ထွန်း​တောက်အဆင့် ၁၀၀ ထိပ်တန်း ၃၀ အတွက်သာ သူကြိုးပမ်းမည်ဖြစ်သည်။

ဤလေ့ကျင့်​ရေးကာလမှ တိုးတက်လာ​​သော ခွန်အားသည် လင်းယွမ်အနက်ဖြစ်​ကြောင်း ​တွေ့ရှိပြီးသည့်​နောက် လျို့ကျယ်၏ကိုယ့်ကိုယ်ကိုယုံကြည်မှုကို တိုးမြင့်​စေသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now