အခန်း ၂၄၀ - ​ကျော​ပေါ်က ​တောင်ပံ​လေးခု

360 37 0
                                    

အခန်း ၂၄၀ - ​ကျော​ပေါ်က ​တောင်ပံ​လေးခု

လင်းယွမ်သည် ကြယ်ကွန်ယက်မက်​ဆေ့ချ်၏အလိုအ​လျောက် အလိုအ​လျောက်စစ်ထုတ်​ပေး​သော လုပ်​ဆောင်ချက်ကိုသုံးကာ ဝယ်ယူလိုသူများကို အမျိုးအစားခွဲလိုက်သည်။

မက်​​ဆေ့ချ်စစ်ထုတ်မှုသည် ပါဝင်​သောအ​ကြောင်းအရာ​​ပေါ်အ​ခြေခံထားပြီး အရင်းအမြစ်အမျိုးအစားပစ္စည်းနှစ်ခုနှင့် ​နေ့နဲ့ည​​ငွေဝိညာဉ် ၁ ကုဗမီတာနဲ့ပတ်​သက်​​သည့် ဝယ်ယူသူများ၏မက်​​ဆေ့ချ်ကို အလိုအ​လျောက် စစ်​ဆေး​ပေးသည်။

ကြယ်ကွန်ယက်မှစစ်ထုတ်ထား​သော မက်​ဆေ့ချ်များကြား၌ ယခု​လေးတင် သူ​နေ့နဲ့ည​ငွေဝိညာဉ်ကိုဝယ်ယူလိုခဲ့​သော ကြွယ်ဝကြီးပွားမှုကိုဖိတ်​ခေါ်တယ် ဟူ​သည့်​စျေးသည်လည်းပါသည်။

လင်းယွမ်သည် မက်​ဆေ့ချ်ကိုဖွင့်လိုက်ရာ အစဥ်အလာမဟုတ်​ဘဲ ကွဲပြား​သော အရင်းအမြစ်အမျိုးအစားပစ္စည်းနှစ်ခုနှင့် ​နေ့နဲ့ည​ငွေဝိညာဉ် ၁ ကုဗမီတာနှင့်အတူ သူ၏မျက်ခုံးများကိုပင် မြင့်တက်​စေသည့်မက်​​​ဆေ့ချ်တစ်ခုကို ​တွေ့လိုက်ရသည်။

ကြယ်ဝကြီးပွားမှုကိုဖိတ်​ခေါ်တယ် - "​သူ​​​ဌေး၊ ကျုပ်ခုနက အလုပ်ရှုပ်​နေလို့ စာပြန်တာ​နှေးသွားတယ်။ ကျုပ်ကိုယ်ကျုပ် 'သခင်​လေး'လို့သုံးမိမယ်ဆိုရင်လည်း နှုတ်ကျိုး​နေတာမို့လို့ပါ။ စိတ်မရှိပါနဲ့ဗျ။

လင်းယွမ်သည် အရူးတစ်​ယောက်မ​ဟုတ်သည့်အတွက် ထိုသူဆိုလိုသည့်အဓိပ္ပါယ်ကို သဘာဝကျကျပင် နားလည်ပါသည်။ အကယ်၍နှုတ်ကျိုး​နေခြင်းသာအမှန်ဖြစ်မည်ဆိုပါက စကားလုပ်ပြီးရှင်းပြ​နေမည်ပင်မဟုတ်​​ပေ။

လင်းယွမ်စာပြန်လိုက်သည်။

  နက်ရှိုင်း​တောင်အကြီးအကဲလင်း - "ကျုပ်ကို ​နေ့နဲ့ည​ငွေဝိညာဉ် ၂ ကုဗမီတာနဲ့ အရင်းအမြစ်အမျိုးအစားပစ္စည်း ၃ မျိုး​ပေးရင် ခင်ဗျားကို ​ရောင်းလိုက်မယ်။"

ထို့​နောက် လင်းယွမ်သည် ကြွယ်ဝကြီးပွားမှုကိုဖိတ်​ခေါ်တယ်၏ မက်​ဆေ့ချ်ကို ပိတ်လိုက်ပြီး အရင်းအမြစ်အမျိုးအစားပစ္စည်းများအ​ကြောင်းပို့​လာ​သော မက်​​ဆေ့ချ်များကြားထဲမှ ​ရွေးချယ်လိုက်ပြီး အရမ်းကြီးထုံးတမ်းကို​သွေဖယ်မ​နေသည့် အရင်းအမြစ်အမျိုးအစားနှစ်ခုကို ​ပေးပို့လာ​​သော ဝယ်ယူသူတစ်​ယောက်ကို ​ရွေးချယ်ဖို့ဆုံးဖြတ်လိုက်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now