အခန်း ၂၇၂ - ချီ​မေရဲ့သ​န္ဓေ​ပြောင်းမှု​ ​နောက်ထပ်အောက်​ခြေလိုင်း (၁/၃)

312 37 0
                                    

အခန်း ၂၇၂ - ချီ​မေရဲ့သ​န္ဓေ​ပြောင်းမှု​ ​နောက်ထပ်အောက်​ခြေလိုင်း (၁/၃)

ဟိုးအရင်က လင်းယွမ်သည် မိခင်​သွေးချိုးကန် ဒဏ္ဍာရီ ၁ မှ ၂ သို့အဆင့်တက်သည်ကို ​တွေ့ခဲ့ရသည်။ ပျက်စီးမှုပြီး​နောက် ဘဝသစ်ကိုပိုင်ဆိုင်သွားခြင်းက လင်းယွမ်၏ ​ဝေဝါး​သော ဉာဏ်အလင်းများကိုရသွား​စေသည်။ ထိုခံစားချက်ကို သူခံစားနိုင်​နေ​သော်လည်း နား​တော့မလည်ခဲ့​​ပေ။

လင်းယွမ်သည် လ​ရောင်ဖြာနန်း​တော်အဝင်ဝ၌ ​ရွှေ ၁၀/ဒဏ္ဍာရီ​ငွေဝတ်ဆံဖို​​ရွှေ​​ရောင်သစ်ကြားပိုး​ခေါက်က စိတ်စွမ်းအင်​မှော်အက္ခရာတစ်ခုကို နားလည်ကာ နယ်​​​မြေရှင်အဆင့်သို့​ရောက်စဥ်ကလည်း ရှိ​နေခဲ့သည်။ စွမ်းအင်စု​ဆောင်းရန် ပန်းနှင့်အရွက်များကိုလည်း ​ညိုး​ခြောက်​စေလိုက်ပြီး ​​နောက်တဖန်ပွင့်လန်းမည်ကိုသာ ​စောင့်​နေ​လေသည်။

ထိုကဲ့သို့​သောမြင်ကွင်းသည် ယခင်ကသူနားမလည်ခဲ့သည့် ခံစားချက်ကို နားလည်သွား​စေခဲ့သည်။

ယခုကြည့်ရသည်မှာ အမွှာဘုံဗိမ္မာန်နီ၏အ​ထောက်အပံ့ပန်းပွင့်သည် မီးတစ်ခုကိုပျိုး​ထောင်ရင်း အသက်ကိုရင်းခဲ့သည့်အတိုင်းပင်။ အ​ထောက်အပံ့ပန်းပွင့်သည် ညိုး​ခြောက်သွား​​သော်လည်း သက်ရှိယဇ်ပူ​ဇော်မီးမှတဆင့် ဘဝသစ်တဖန် ရရှိသွားခဲ့သည်။

ပျက်စီးခြင်းမှ ဘဝသစ်ကိုပျိုး​ထောင်ခြင်း စိတ်စွမ်းအင်များပါရှိသည် စိတ်စွမ်းအင်​မှော်အက္ခရာသည် သူ၏ဝိညာဉ်နယ်​မြေ၌ ​ရုတ်တရက်​ပေါ်လာသည်ကို လင်းယွမ်ခံစားမိသည်။

ယခုတွင် သူ၏ဝိညာဉ်​နယ်​မြေ၌ စိတ်စွမ်းအင်​မှော်အက္ခရာနှစ်ခုသာ ကျန်ရှိသည်။ ရှား​ဒေသ ဖူးသစ်နီမြို့ပြင်ရှိ ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း​အောက်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းမှ တစ်ခုကိုနားလည်ခဲ့ပြီး ပျက်စီးခြင်းပြီး​နောက် ဘဝသစ်စခြင်းမှ တစ်ခုကိုနားလည်ခဲ့ခြင်းဖြစ်သည်။

ထိုစိတ်စွမ်းအင်​မှော်အက္ခရာ၌ အဆုံးမရှိ​သောအသက်စွမ်းအင်များပါဝင်​သော်လည်း နှင်းစံပယ်နှင့်​ပေါင်းစည်းခဲ့သည့် ​တောင်တန်းစိမ်းများပြန်လည် စိုပြည်ကာ အသက်ဝင်လာသည်ကိုကြည့်ရင်း ရရှိခဲ့​သော စိတ်စွမ်းအင်​မှော်အက္ခရာနှင့်​တော့ ခြားနားသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now