အခန်း ၃၀၈ - ဘဝနဲ့ပေးဆပ်ခြင်း

275 36 0
                                    

အခန်း ၃၀၈ - ဘဝနဲ့ပေးဆပ်ခြင်း

ကာကွယ်သူနှင့်လမ်း​ကြောင်းကာကွယ်သူတို့မှာ လုံးဝခြားနားသည်။

လမ်း​ကြောင်းကာကွယ်သူသည် ​စောင့်​ရှောက်သူနှင့် ဆရာတစ်​ယောက်​၏ ကဏ္ဍကို ​ပေါင်းစပ်ထားခြင်းဖြစ်သည်။ သို့​သော် ကာကွယ်သူတစ်​ယောက်မှာ​တော့ ​ထိန်းသိမ်းသူကိုယ်ရံ​​တော်ကဲ့​သို့ သစ္စာခံ​ကြောင်း ကျိန်ဆိုခြင်းဖြစ်သည်။

​ထိန်းသိမ်းသူကိုယ်ရံ​​တော်သည် ​ဖန်တီးရှင်ဆရာသခင်တစ်​ယောက်ကို သစ္စာခံရန် ကျိန်ဆိုထား​သော ဝိညာဉ်ချီပညာရှင်တစ်​ယောက်ဖြစ်လျှင် ကာကွယ်သူမှာ​တော့ စိတ်စွမ်းအင်​မှော်အက္ခရာကို ပိုင်ဆိုင်​သော လူတစ်​ယောက် သို့မဟုတ် ဝိညာဉ်သားရဲတစ်​ကောင်ဖြစ်ကာ ဝိညာဉ်ချီပညာရှင်တစ်​ယောက်ဆီ သစ္စာခံကျိန်ဆိုသူဖြစ်​လေသည်။

ကာကွယ်သူများနှင့် လမ်း​ကြောင်းကာကွယ်သူများအကြား ကွာခြားချက်များရှိနိုင်​သော်ငြား ဝိညာဉ်ချီပညာရှင်များနှင့် ​ဆက်ဆံ​ရေးမှာ​တော့ တူညီလုနီးပါးပင်ဖြစ်သည်။ ​​မှော်အက္ခရာဥပ​ဒေသများနှင့် စာချုပ်ချုပ်ရပြီး ခိုင်မာကာ ယုံကြည်စိတ်ချရသည်။

မိခင်​သွေးချိုးကန်သည် အဆုံးမဲ့​နွေဦးက ကတိသစ္စာပြု​နေသည်ကို မြင်​သောအခါ ထူးဆန်းသည်ဟု နည်းနည်းမျှမခံစားရ​ပေ။ အဆုံးတွင်​တော့ ​လောကသန့်စင်မှုအတွင်း ထိုသို့​သောအကူအညီသည် အသက်တစ်​ချောင်းကို ကယ်တင်လိုက်ခြင်းနှင့် တူ​လေသည်။ ယင်းမှာ ဝိညာဉ်သားရဲတစ်​ကောင်အတွက် အသက်နဲ့​ပေးဆပ်ဖို့ရာ လုံ​လောက်​နေခဲ့ပြီပင်။

လင်းယွမ်သည် ကိုယ်ပိုင်အဖွဲ့အစည်းကို တည်​​ထောင်ရန် ဆုံးဖြတ်ပြီးသားဖြစ်​သော်ငြား ၎င်းနဲ့ပတ်သက်၍တစုံတရာမျှ မပြုမူရ​သေး​​ချေ။

ပထမအ​နေဖြင့် လွင့်​မျောကျွန်း​ဝေလငါးသည် ဆန်းပြားမျိုးသန့်မဖြစ်​သေး​ဘဲ ဂိုဏ်းတစ်ခုလုံးကို​ထောက်ပံ့​ပေးနိုင်သည့် ဧရာမလွင့်​မျောကျွန်းမဖြစ်လာ​သေး​သော​ကြောင့်ပင်။ ​​နောက်ထပ်အ​ကြောင်းပြချက်တစ်ခုမှာ ကျွမ်းကျင်သူများချို့တဲ့မှု​​ကြောင့်ဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now