အခန်း ၂၁၈ - ဒီထက်ပိုပြီး ​စျေးကြီးနိုင်​သေးတယ်

336 47 0
                                    

အခန်း ၂၁၈ - ဒီထက်ပိုပြီး ​စျေးကြီးနိုင်​သေးတယ်

Dreadlock ဆံပင်​ကေနှင့်လူငယ်​လေးမှလွဲ၍ ကျန်ရှိ​​​နေသူများအားလုံးသည် ​လင်းယွမ်ကိုအ​တွေးနက်​​​နေ​သော မျက်လုံးများဖြင့်ကြည့်ကြသည်။ ဤသီးသန့်​လေလံပွဲကို လာသမျှလူတိုင်း၏အဆင့်အတန်းမှာ မရိုးရှင်းပါ​ပေ။

သူတို့သည်အနက်​ရောင်ဝတ်လူငယ်​လေးကိုကြည့်မိ​​သောအခါ အလွန်အမင်းစိမ်းသက်လျက်ရှိပြီး ယခင်က တစ်ကြိမ်တစ်ခါမှ ကြားဖူးခြင်းလည်းမရှိခဲ့။ သူ့၏အရှိန်အဝါအပြင် သူ၏အဆင့်အတန်းကို သူတို့ပို၍သိချင်သည်။

သူ့မှာမည်သည့်​ကျော​ထောက်​နောက်ခံများရှိ​နေ၍ ​​ကြေး/​​မော်ကွန်းတင်ဝိညာဉ်သားရဲကို ဘယ်မျိုးစိတ်မဆိုစိတ်တိုင်းကျ​ရွေးချယ်နိုင်တယ်လို့ ​ပြောရတာပါလိမ့်၊ ပြီး​​တော့ စိုင်လင်းရီရန်အုပ်စိုးသူရဲ့ ​သွေးလိုင်း ဧရာမ​သွ​ကြောပုစဥ်းကိုနိုးထခဲ့သည့် ​ကြေး/​မော်ကွန်းတင်မီး​တောက်​သွေး​​ကြောပုစဥ်းတစ်​ကောင်ကို ယူထုတ်လိုက်နိုင်​သေးတယ်​လား။ ယင်းမှာ အ​ခြေခံအုတ်မြစ်တစ်မျိုးပင်ဖြစ်သည်။

ထိုလူငယ်​လေး၏တည်ငြိမ်​သောအမူအရာကို ​အ​ခြေခံ၍ ဤဝိညာဉ်သားရဲကို အနည်းငယ်သာအာရုံစိုက်​​​ကြောင်း သူတို့သိ​လေသည်။

လျှပ်စီးစာက​လေးဘုရင်သည် ​ခေတ္တမျှနှုတ်ဆိတ်​နေပြီး​နောက် လင်းနို့အရိပ်ဘုရင်ကို​စောင်းငဲ့ကြည့်လိုက်သည်။ လင်းနို့အရိပ်ဘုရင်သည် တဒင်္ဂမျှတွန့်ဆုတ်​နေပြီး​နောက် ပြတ်ပြတ်သားသား​ခေါင်းညိတ်ပြလာ​ရာ လျှပ်စီးစာက​လေးဘုရင်က ​ပြောလိုက်သည်။ "မိတ်​​​ဆွေ​လေး၊ အ​ပေးအယူကို တို့လက်ခံတယ်။ ဒီအရင်းအမြစ်အမျိုးအစားသက်ရှိသုံး​ကောင်ကို မင်းပိုင်သွားပြီ။"

လင်းယွမ်သည် ပြုံးလျက်​ခေါင်းညိတ်ကာ ​ဖြေသည်။ "စီနီယာလျှပ်စီးစာက​လေးဘုရင်၊ ဒီ​ကြေး/​မော်ကွန်းတင်မီး​တောက်​သွေး​ကြောပုစဥ်းကိုလည်း အခုစီနီယာပိုင်သွားပါပြီ။"

သူပျိုး​ထောင်ခဲ့​သော ဝိညာဉ်သားရဲကိုနှုတ်ဆက်သည့်အ​​နေဖြင့် မီး​တောက်​သွေး​ကြောပုစဥ်း၏အ​တောင်ပံများကို ထိကိုင်လိုက်သည်။ သူ့အတွက် သင့်​လျော်​သော အိမ်တစ်လုံးကို သူရှာ​ပေးလိုခဲ့သည်။ လျှပ်စီးစာက​လေးဘုရင်၏ ဘုရင်အဆင့်အဖွဲ့ဝင်သည် ​ကောင်းမွန်သော​ရွေးချယ်မှုတစ်ခုဖြစ်သည်မှာ ရှင်းလင်းသည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now