အခန်း ၂၆၃ - ​ကောင်းကင်ဆီ ထိုးခွင်းသွားသည့် အစိမ်း​ရောင်မီး​တောက်အလင်း

331 39 0
                                    

အခန်း ၂၆၃ - ​ကောင်းကင်ဆီ ထိုးခွင်းသွားသည့် အစိမ်း​ရောင်မီး​တောက်အလင်း

အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်းတွင်းက ​ကောင်းကင်သည် အဆက်မပြတ် အနီရင့်​ရောင်ဖြစ်​နေပြီး ​နေ့မှန်းညမှန်း မခွဲခြားနိုင်​ပေ။ သို့ဖြစ်ရာ ​လေ့ကျင့်​နေစဥ်၌ အချိန်ကို​မေ့​လျော့သွားရန် အလွန်အမင်းလွယ်ကူ​လေသည်။ ပင်ပန်းလာပြီး အနားယူရန်လိုအပ်သည်ဟုခံစားလာရချိန်မှသာ အချိန်ကြာကြီးကုန်လွန်သွား​ကြောင်း သိသွားမည်ဖြစ်သည်။

​မြေပြင်သည် မိုးကုပ်စက်ဝိုင်းအထိ ခရမ်းရင့်​ရောင်ဖြစ်​နေ​သေးသည်။ ​ကျောက်တုံးများဖုံးလျက်ရှိ​သော လျှို​မြောင်၏မျက်နှာပြင်သည် ပြားကပ်ကာ​ချောမွတ်​နေပြီး မီး​တောင်​ချော်ရည်စီးဆင်းသွားရာမှာ ဖြစ်​ပေါ်လာပုံရသည်။

​လေထုအတွင်း ပြင်းရှသည့်ဆာလဖာရနံ့ရှိ​နေသည်၊ အပူချိန် ၅၀ ဒီဂရီရှိ​သောပတ်ဝန်းကျင်၌ အဆက်မပြတ်​နေထို​င်​သော မည်သူမဆို မိမိကိုယ်အား ​ရေဖြင့်အဆက်မပြတ်အားဖြည့်ရန် လိုအပ်​လေသည်။

အချိန်ကလျင်မြန်စွာ ကုန်ဆုံးသွားပြီး လင်းယွမ် အသူတရာ​ချောက်ဒိုင်မင်းရှင်းအက်ကွဲ​ကြောင်း၌ ​လေ့ကျင့်​နေသည်မှာ တစ်လတင်းတင်းပင် ပြည့်​နေ​လေပြီ။ လင်းယွမ်သည် ကြမ်း​တမ်း​သော ပတ်​ဝန်းကျင်နဲ့ လိုက်​လျောညီ​ထွေဖြစ်လာသည်။

အဆင့် ၄ ​​ကြောက်မက်ဖွယ်ဦးချိုမိစ္ဆာတစ်​ကောင်သည် တသိမ့်သိမ့်တုန်​နေ​သော သံရှင်အတွင်း ပြင်းပြင်းထန်ထန် ရုန်းကန်​နေ၏။ ရုန်း​ကန်​နေစဥ် ​ကြောက်မက်ဖွယ်ဦးချိုမိစ္ဆာသည် ​စေးပျစ်​သောအရည်များကို မှုတ်ထုတ်​နေပြီး မီး​တောက်ညိုဟု ​ခေါ်နိုင်သည်။

အဆင့် ၄ ​ကြောက်မက်ဖွယ်ဦးချိုမိစ္ဆာ၌ ပလက်တီနမ်ဝိညာဉ်သားရဲများ၏ ခွန်အားရှိသည်။ ​​ကြောက်မက်ဖွယ်ဦးချိုမိစ္ဆာ၏​စေးပျစ်​သောအရည်၌ အလွန်အစွမ်းထက်​သော ညိုးနွမ်းအာနိသင်ရှိသည့် မီး​​​တောက်ညိုတစ်ခုပါရှိသည်။

အကယ်၍ ပလက်တီနမ်ဝိညာဉ်တစ်​ကောင်သည် ထိုမီး​တောက်ညိုဖြင့် ပိစိ​ကွေး​လောက် ထိမိသွားပါလျှင် ချက်ချင်း အမြစ်များထိခိုက်သွား​ပေမည်။ ထိသွား​​သော​နေရာသည် စတင်ညိုးနွမ်းလာမည်။ ကိုယ်ထည်အတွင်း မီး​တောက်များပိုမိုဝင်​ရောက်လာလျှင်​တော့ ပလက်တီနမ်ဝိညာဉ်သားရဲ၏ အသက်စွမ်းအင်သည် ညိုးနွမ်းခြင်းမီး​တောက်၏ ဖြည်းဖြည်းချင်း ​လောင်ကျွမ်း​စေခြင်းကို ခံရမည်ဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now