အခန်း ၂၈၈ - စားပွဲပေါ်က ပစ္စည်းနှစ်ခု

313 39 0
                                    

အခန်း ၂၈၈ - စားပွဲပေါ်က ပစ္စည်းနှစ်ခု

လင်းယွမ်သည် သစ်သားငါးမျိုးကို သိပ်တော့သဘောမကျပေ။ ယင်းတို့ကို သူလက်ကြယ်သီးအဖြစ်သုံးထားသော ပယင်းရောင်ကြယ်သီးပုံစိန်ဝိညာဉ်သားရဲသိမ်းဆည်းသေတ္တာတွင် သိမ်းဆည်းထားလိုက်သည်။

ကျောက်စိမ်းအဖိုးတန်သစ်သားများသည် သူ့ဂိုဏ်းတည်ထောင်ရန် အခြေခံအုတ်မြစ်ဖြစ်လာပေမည်။ ၎င်းကို ဆန်းပြားမျိုးသန့်လွင့်မျောကျွန်းဝေလငါး၏နောက်ကျောပေါ်၌ ကောင်းကင်မြို့တော်တည်ဆောက်ရန်  လိုအပ်သောအရင်းအမြစ် အမြောက်အမြားနှင့် လဲလှယ်ဖို့အတွက်ရည်ရွယ်ထားသည်။

လင်းယွမ်သည် ဧရာမကျောက်စိမ်းအနေအထား ပလာတိန်းသစ်သားစင်နှစ်ခုပေါ်တွင် အဖိုးတန်သစ်သားများစွာကို ထပ်မံတင်ထားလိုက်သည်။

နောက်လလောက်တွင် ဤအဖိုးတန်သစ်သားများသည် ကျောက်စိမ်းအနေအထားအဖြစ် လုံးဝကူးပြောင်းသွားမည်ဖြစ်သည်။ သို့သော် ထိုဇာမဏီပုံထွင်းထားသောကျောက်စိမ်းပလာတိန်းစင်နှစ်ခုကသာ သူ့ကိုအံ့အားအသင့်စေဆုံးဖြစ်သည်။

ထိုစင်နှစ်ခုသည် လက်ရှိတွင် နှင်းဆီနီရောင်ဖြစ်နေသည်။ သလင်းကျောက်အနီကဲ့သို့ ထွင်းဖောက်မြင်နိုင်သော အနီရောင်မဟုတ်ဘဲ အဖြူနှောသည့် ကျောက်စိမ်းနီရောင်မျိုးဖြစ်သည်။

စင်ပေါ်တွင် ထွင်းထားသည့် ဇာမဏီတောင်ပံများမှာ ဝိညာဉ်ချုပ်ခန်းနေရာကွက်လပ်၏ ကြွယ်ဝသန့်စင်သော ဝိညာဉ်ချီအောက်တွင် တောက်ပနေကာ ကြည့်ရသည်မှာ အလွန်လက်ရာမြောက်လှသည်။

ထိုအဖိုးတန်သစ်သားတစ်သုတ်ကို လင်းယွမ်နေရာချပြီးသောအခါ ဝိညာဉ်ချုပ်ခန်းနေရာကွက်လပ်ထဲက ကြိုးမျှင်ပုလဲ ၁၀၀ ကို စစ်ဆေးကြည့်လိုက်သည်။

တစ်လကျော်အတွင်း ကြိုးမျှင်ပုလဲများသည် ဝိညာဉ်ချုပ်ခန်းနေရာကွက်လပ်တွင်းရှိ သန့်စင်သောဝိညာဉ်စွမ်းအင်များကြောင့် ပန်းပွင့်ကျင်ခပ်ပုလဲများအဖြစ် အသွင်ပြောင်းသွားပြီဖြစ်သည်။

ကြိုးမျှင်ပုလဲများသည် မြစိမ်းပုလဲများနှင့်တူသော အရွက်များမှ ဖြစ်ပေါ်လာသည့် အရည်ရွှမ်းအပင်များနှင့် တူလေသည်။ ဂျယ်လီနှင့်တူသော အနေအထားရှိသော်လည်း အနာရှိနေသောလက်ဖြင့် ကြိုးမျှင်ပုလဲမှ စစ်ထုတ်ထားသော နှင်းစက်လေးများကို ထိမိမည်ဆိုပါက အသားကို ဓါးတုံးတုံးဖြင့်လှီးဖြတ်နေသကဲ့သို့သော နာကျင်မှုကို ခံစားရမည်ဖြစ်သည်။

ဖန်တီးရှင်ဆရာသခင် လင်းယွမ် (အတွဲ ၂)  ဖန်တီးရှင်ဆရာသခင် လင်းယွမ်Where stories live. Discover now